Zawgyi Version
Pub and Grill ဆိုတဲ့ လူတော်တော်များများရှိတဲ့ ဆိုင်ထဲကိုဝင်မိတော့ ဆိုင်ရဲ့အစွန်ကျကျလေးမှာထိုင်နေတဲ့ Hoseok hyung က ကျွန်တော်တို့ကိုလက်လှမ်းပြသည်။
"လာ Jimin shi"
သက်ဆိုင်ရာခုံတွေမှာ နေရာယူထားကြပြီးဖြစ်တဲ့ Canadian တွေက အခုမှဝင်လာတဲ့ သူတို့နှစ်ယောက်ကို ဘာမဟုတ်ပေမဲ့ စူးစူးစမ်းစမ်းကြည့်ကြတဲ့အတွက် အစိမ်းသက်သက်ဖြစ်နေမှာစိုးတဲ့ သူကပဲ Jimin hyung ကို ပုခုံးကနေကိုင်ကာ Hoseok hyung ဆီသွားရသည်။
ဒါကိုသတိထားမိပုံရတဲ့ Jimin hyung ကဘာမှမပြောဘဲ ကိုယ်လေးကိုကြုံ့ကာ သူ့ဦးတည်ချက်အတိုင်း လိုက်လာပုံက ကျောင်းစတက်မည့်မူကြိုကလေးကို အခန်းထဲလိုက်ပို့နေရသလို ဖြစ်နေတာကြောင့် သူခပ်ဟဟလေးရယ်မိသည်။
ရယ်သံကြားကိုကြားသလိုလိုရှိတာမို့ Jimin ကြည့်မိတော့ ပြုံးစိစိဖြစ်နေတဲ့ Jungkook ကိုမြင်တော့ တံတောင်ဆစ်နဲ့လှမ်းတွတ်လိုက်မိသည်။
သူသိတာပေါ့။
သူ့ကို ကလေးလေးလို သဘောထားနေမဲ့ Jungkook ရဲ့အတွေးတွေကို။မှာစရာရှိတာမှာပြီး သိပ်မကြာလိုက်၊
အစားအသောက်တွေက ချက်ချင်းရောက်လာတဲ့အတွက် service ကောင်းတဲ့ ဒီဆိုင်ကို Jimin စိတ်ထဲက အမှတ်ပြည့်ပေးလိုက်မိသည်။သောက်ဖို့အစီအစဉ်ရှိတဲ့ သူတို့နှစ်ယောက်က
beer ခွက်နှစ်ခွက်လောက် အေးဆေးကုန်သွားပြီဖြစ်သည်။
Jungkook ကတော့ အခုချိန်ထိ တစ်ခွက်ပင်အရာမယွင်းသေး။နည်းနည်းထွေထွေလေးဖြစ်လာတဲ့ အချိန်မှာတော့ သူတို့စားသောက်ခြင်းကိုရပ်နားလိုက်ကာ dessert ပွဲကိုမှာလိုက်ကြသည်။
"Hobi hyung ဒီမှာနေတာကြာပြီလား"
"အင်း ကြာပြီပေါ့ကွာ ကျောင်းကိုဒီမှာတက်၊ ဘွဲ့ရပြီးတာနဲ့ တစ်ခါတည်းအလုပ်တန်းဝင်လိုက်တာဆိုတော့ 10 နှစ်တော့ကျော်ပြီ"
ရောက်တတ်ရာရာ သူမေးမိတော့ Hobi hyung က ခပ်လေးလေးအသံဖြင့် ဖြေသည်။
"Jungkook"
သူတို့ရှိတဲ့ဝိုင်းကိုလာပြီး ခေါ်လိုက်တဲ့အသံကြောင့် Jimin ခေါင်းထောင်ကြည့်လိုက်သည်။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook