Zawgyi Version
"ဂျိန်း"
တစ်ရေးနိုးချိန်မှာ တစ်စတစ်စသည်းလာတဲ့မိုးနဲ့အတူ မိုးခြိမ်းသံတွေကဆူညံလျက်။
လျှပ်စီးလက်လို့လင်းသွားတာကိုလည်း ပြတင်းပေါက်မှန်ကနေတစ်ဆင့် မြင်နေရသည်။စောင်ကိုလည်ပင်းနားထိဆွဲခြုံလိုက်ရင်း
တစ်ဖက်ကိုလှည့်မလို့လုပ်ချိန်မှာ Jimin ကိုယ်ပေါ်ကခပ်လေးလေးအရာကို ခံစားမိတာကြောင့် ခေါင်းထောင်ကြည့်လိုက်ရသည်။လက်တစ်ဖက်...
ဟုတ်သည်။ Jungkook ကလက်ကို Jimin ကိုယ်ပေါ်မှာတင်ထားပြီး ကွေးကွေးလေးအိပ်နေသည်။ အမှောင်ထဲမှာတစ်ယောက်တည်းမနေရဲတဲ့ သူ့ကိုကြောက်နေမှာစိုးလို့ အတူတူလာအိပ်ပေးတာ။
တစ်ယောက်အိပ်ကုတင်ပေါ်မှာ နှစ်ယောက်ကျပ်တည်းပြီးအိပ်နေရတဲ့အတွက် Jungkook ကိုသူတစ်ကယ်အားနာပါသည်။
ဧည့်သည်ဖြစ်တဲ့သူ့ကို ဆိုဖာပေါ်မှာဒီတိုင်းကြီး မအိပ်ခိုင်းစေချင်တာကတစ်ကြောင်း၊ Jimin ကလည်း တစ်ယောက်တည်းမအိပ်ချင်တာနဲ့ အခုလိုအိပ်ဖြစ်သွားကြတာ။
တွေးနေတုန်းမှာပဲ ဖြတ်ခနဲလင်းလာတဲ့ ကုတင်ဘေးကမီးအိမ်ကြောင့် သူပျော်သွားရသည်။မီးပြန်လာပြီလေ....။
"မာမီ"
Jungkook ကအိပ်နေရင်းယောင်နေပုံရသည်။ အေးလေ....တစ်ယောက်တည်းနေတော့ အမေကိုလွမ်းနေတာရှိမှာ။
"ဟင့်အင်း...မာမီ မသွားနဲ့"
Jimin ရဲ့ကိုယ်ပေါ်မှာ တင်ထားတဲ့လက်က စောင်ကိုတင်းကြပ်စွာဆုပ်ကိုင်လာရင်း မျက်မှောင်တဖြည်းဖြည်းကြုတ်လာတာကို မီးအိမ်အကူအညီဖြင့် မြင်နေရသည်။
"Jungkook....Jungkookie"
လက်ကိုကိုင်ပြီးလှုပ်နှိုးတော့လည်း မနိုးပေ။
ငြိမ်ကျသွားပြန်တာကြောင့် သူ Jungkook ကိုခဏစောင့်ကြည့်နေလိုက်ရသည်။မျက်မှောင်ကြုတ်ထားတာတော့ ပြေမသွားသေး။"မာမီ မဖြစ်ဘူး...!!!!!"
ု"Jungkook သတိထားဦး"
အိပ်မက်ဆိုးမက်နေတာသေချာ၍ Jimin ထထိုင်ကာ နှိုးရတော့သည်။ အပြင်မှာမိုးက မတိတ်သေးသည့်အပြင် မိုးကြိုးကလည်း အဆက်မပြတ်ခြိမ်းနေဆဲ။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook