Part~6

390 77 14
                                    

အိပ်မောကျနေတယ်ထင်ရသော်လည်း သူမအိပ်မောကျမနေ ကျောချထားရသည့်အိပ်ယာသည် တစ်ခုခုလိုနေသလိုလို မျက်လုံးကလဲမဖွင့်ချင်သေးပါ  နေရောင်ကျနေသော်လည်းစောနေသေးကြောင်းခံစားမိသည် ပြီးတော့ ထူးဆန်းသည်က ရင်းနှီးသလိုလို မရင်းနှီးသလိုလိုနှင့်လူတစ်ယောက်၏ကိုယ်သင်းနံ??
တစ်ယောက်တည်းအမြဲအိပ်နေကြသူမအဖို့  ဘယ်တော့မှမရှင်းဖြစ်သည့်သူမအခန်းရဲ့အောင့်သက်သက်အနံ့ကြီးသာရနေကြ  ယခုမှု မဟုတ် မမွှေး‌တမွှေးကိုယ်သင်းနံလေး စောင်ကအနံ့များလားလို့ မျက်နှာကိုထိနေတဲ့အဝတ်စကိုဆွဲမိတော့

"အားးးးးးး!!!??!!??!?!?!!!!"

ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်သွားတာကြောင့် မင်ယူရီကုတင်ပေါ်ကနေခွေးတစ်ကောင်ကျသလိုကျသွားသည် လက်ညှိုးလေးမရဲတရဲ‌ထိုးကာတုန်ယင်နေသောနှုတ်ခမ်းတစ်စုံမှထွက်လာသည်က

"ကင်ထယ်ယောင်း!?! နင်? နင်?"

"အား!!?!??!"

ထိုအခါမှကင်ထယ်ယောင်းအိပ်ချင်မူးတူးစိတ်တွေပြေသွားကာနှစ်ယောက်သားပြိုင်တူထပ်အော်မိတော့သည် နောက်မှသတိရပြီးကုတင်ပေါ်ကနေအမြန်ဆင်းလာကာ အောင်မြင်သောအသံနှင့်အော်နေတဲ့ကောင်မလေးရဲ့ပါးစပ်ကိုပိတ်လိုက်ရသည်

"အွင်းးးး!!!!"

ပါးစပ်ပိတ်ထားခံနေရသဖြင့်ဝူးဝူးဝါးဝါးဖြစ်နေသောကောင်မလေး၏မျက်လုံးအစုံကိုစိုက်ကြည့်ကာ တိုးတိုးနေဖို့ပြောရတော့သည်

"အွင်းး!! လွှတ်?? နင်ဘာလုပ်တာလဲ?????????!!!!!"

"ရှူး!! မအော်နဲ့ ‌အမေတို့သိသွားရင်ပိုဆိုးလိမ့်မယ်"

ထိုအခါမှသူမလည်းသတိထားမိသွားတာထင်ပါ၏ ‌ဘာကိုမှနားမလည်နိုင်ဖြစ်နေသည့်မျက်လုံးတွေနှင့်စုံရသည်

3:00 AM

အိမ်မက်ထဲတွင်မင်ယူရီကိုတွေ့လိုက်ရတာကြောင့် အိမ်မက်မှနိုးလာသောအခါသူမအကြောင်းကိုစဉ်းစားမိသွားသည် အိပ်ချင်မူးတူးကလည်းဖြစ်နေတော့ အကုန်လုံးကိုမေ့လျော့သွားတဲ့လူတစ်ယောက်လို ဘာရယ်မဟုတ် ‌မင်ယူရီအကြောင်းစဉ်းစားရင်းအတွေးတွေကဟိုရောက်ဒီရောက်‌ဖြစ်နေသည် အိပ်လို့က‌လဲမပျော်တော့ပေ ဟိုဖက်ဒီဖက်စောင်းအိပ်နေရသည် ဂဏာလဲမငြိမ်နိုင်တော့ အခုနှင့်ဆိုလျှင် အခါ30လောက်ရှိပြီးငြိမ်ငြိမ်မနေတာ 32‌ခါမြောက်တစ်ဖက်ခြမ်းကိုလှည့်လိုက်ချိန်မှာတော့ ကျောဖက်ကိုတစ်ယောက်ယောက်ရောက်လာသည့်ခံစားချက် သံသယမျက်ဝန်းများနှင့်လှည့်ကြည့်မိတော့ သူထင်သလိုဖြစ်နေခဲ့ပါသည်

BOND : Take Me To The ParadiseWhere stories live. Discover now