Part~10

371 48 22
                                    

ကျွီ~~~~

အနှစ်နှစ်အလလကြာနေပြီဖြစ်တဲ့အတွက် တံခါးရဲ့ပတ္တာများလည်းသံချေးအကိုက်လွန်နေပြီဖြစ်သည်
ညှင်းသိုးသိုး အုပ်မှိုင်းမှိုင်းရဲတိုက်ကြီးထဲဝယ် တံခါးကြီးပွင့်သွားသံကခြောက်ခြားဖွယ်ရာထွက်ပေါ်လာသည်

"ကြိုဆိုပါတယ် သားငယ်"

*Claps claps*

လက်ခုပ်တီးသံတစ်ဖျောင်းဖျောင်းနဲ့
မရင်းနှီးတဲ့အသံတစ်ခုက
မနှစ်မြိုဖွယ်ရာကြို‌ဆိုလိုက်တယ်

အမှောင်ထဲကထွက်လာတဲ့အသံက
ခပ်အုပ်အုပ်

"အသိလား Koo"

ဘေးနားရှိတဲ့တစ်ဦးတည်းသောသူရဲ့လက်မောင်းကိုကိုင်လှုပ်ကာမေးမိတယ်

သူမလက်ကိုပြန်ကိုင်လာတဲ့ ‌
အေးအေးစက်စက်လက်များ

ဖြေသံရယ်ပြန်ထွက်မလာ

ဝုန်း!!!!!

"Min Yoongi!!!!!!"

ဒေါသတကြီးနဲ့ဝင်လာကာရုတ်တရက်သူမတို့ရှေ့ကနေ
ပိတ်ရပ်လာတဲ့ အရပ်မြင့်မြင့် ဥပဓိရုပ်ကောင်းကောင်းနဲ့လူတစ်ယောက်

"အသိလားလို့??"

ဂျွန်ဂျောင်ကုမျက်ဝန်းတွေက
ပုံမှန်နဲ့မတူ အနီရဲရဲ

သူမလက်ပေါ်ကလက်ဖွေးဖွေးဟာလဲ
နီလို့

"Koo Koo??"

လက်မောင်းကို‌ကိုင်လှုပ်ကာခေါ်ပြန်တော့လဲမထူး
မျက်လုံးအစုံကသူမရှေ့က
အမည်မသိသူတွေဆီသို့သာ


▫️▫️▫️

"Kim Tae Hyung?? ဘာဖြစ်လို့လဲ
နေမကောင်းလို့လား"

ဟုတ်ပါရဲ့ ဂျန်ရှင်းမေးလဲမေးချင်စရာ
မနက်တည်းကတမှိုင်မှိုင် တတွေတွေဖြစ်နေတာအခုထိပင်
ဘာကြောင့်မှန်းရယ်လဲ
ရေရေရာရာမသိ

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး"

▫️▫️▫️▫️


"Jeon Jung Kook??"

တစ်လှမ်းချင်းနင်းလျှောက်လာတဲ့ ကြမ်းပြင်ပေါ်ကခြေထောက်များ အနားရောက်လာချိန်မှာတော့
ဘေးကလူကိုသာအားကိုးမိတော့သည်

BOND : Take Me To The ParadiseWhere stories live. Discover now