Part~1

2.4K 100 7
                                    

ငှက်ကလေးတွေအော်မြည်သံလေးတွေနဲ့နိုးထရတဲ့မနက်ခင်းတွေဟာ အခြားသူတွေအတွက်သာယာချင်သာယာမယ် သူမအတွက်တော့မဟုတ်ခဲ့ အလွန်စိတ်ပျက်ဖို့ကောင်းလောက်အောင်ကိုအော်မြည်နေကြသည်ဟုသာသူမမြင်သည်

"Min Yuri!!!"

မနက်ခင်းတိုင်းကြားရသည့်ထိုအသံကိုသူမမုန်းသည် သူမ၏အမေ အသက်က35လောက်သာရှိမည် မနက်အစောကြီးမိတ်ကပ်တွေထူနေအောင်လိမ်း စားလို့မရသည့်ဟင်းတွေချက်ပြီးလျှင်သူမကိုအော်ခေါ်မည် မနက်စာကိုဘယ်တော့မှသူအိမ်မှာမစား အပြင်မှာလည်းစားချင်မှစားသည် ညဘက်တွေဆိုလည်းအိပ်ရေးပျက်မည် ညတိုင်းအမေကယောကျာ်းတွေခေါ်ခေါ်လာပြီးပျော်ပါးကြသည် သူမနေ့စဥ်ကြားနေရသောထိုအသံတွေကိုအလွန်မုန်းလှသည် ဒါသူမရဲ့နေ့စဥ်ဘဝ ဒီအရါတွေကြောင့်ဘဲသူမ၏နူးညံ့သောစိတ်ကလေးပြောင်းလဲခဲ့ရသည် သူမအမေခေါ်သံကိုမကြားချင်ယောင်ဆောင်လိုက်သည် အခြားအမေတွေလိုအပေါ်တက်လာပြီး မဆူ မကြာခင်ကားတစ်စီးရောက်လာသံ ကားတံခါးအဖွင့်အပိတ်သံတွေနဲ့အတူ ပြန်ထွက်သွားသည်

အိပ်ရာထဲကကုန်းရုန်းထကာဖုန်းကိုင်လိုက်သည်

ကတောင်~~~~~

"Yuri-ah ကျောင်းစောစောလာခဲ့"

"စောစောလာနော်"

"Yuriမ စောစောမလာရင်ငါတို့အပြစ်မပြောနဲ့"

သူမတစ်ချက်ပြုံးကာ ပြောင်နေတဲ့emojiသာပို့လိုက်သည် စိတ်ထဲကတော့ တော်တော်ယွတဲ့ဟာတွေ

ကျောလယ်လောက်ဆံပင် အရှည်ကိုအမြင့်ဆွဲစည်းလိုက်သည် ကျောင်းအက်ျီရှေ့ကွဲဘလောက်စ့်ကိုအောက်နားကကြယ်သီးတွေဖြုတ်ပြီးဆွဲစည်းလိုက်တယ် နှဖူးမှာBandana scarfစီးပြီး ပဝါစတစ်ခုကိုလက်ကောက်ဝတ်မှာပတ်လိုက်တယ် ကျောင်းစီးဖိနပ်အစား All starအနက်ရောင်ကိုစီးလိုက်တယ် ကျောပိုးအိတ်လှလှလေးအစား အနက်ရောင်ဘေးလွယ်အိတ်ကိုစလွယ်သိုင်းလိုက်တယ် ဒါသူမရဲ့ပုံစံဘဲ မိန်းကလေးဆန်မှု့0%

"Yah!!!! Yuri!!"

"ကလေးတို့~~"

"ဘုန်း!!!"

"Yah!! Park JangShin!! နာတယ်ဟ အားကြီးနဲ့လာရိုက်ရလား??"

"နင့်ကိုကျောင်းစောစောလာလို့ပြောတာဘာကိစ္စနောက်ကျလဲ ပြော"

BOND : Take Me To The ParadiseWhere stories live. Discover now