Part ~ 11

384 52 10
                                    

"Kim Tae Hyung? ဒါကဘယ်လဲ?"

"ငါ့ဘာသာဘယ်သွားသွား
မင်းအပူလား ဂျန်ရှင်း"

"ဂျန်ရှင်းကတစ်ဖွဲ့တည်းသားချင်းမို့မေးလိုက်တာပါ ဒီလောက်ရင့်စရာတော့မလိုဘူးထင်တယ်"

"တစ်ဖွဲ့တည်းမို့ဆိုပြီး မင်းဆီသေးပေါက်/ချီးပါ အကုန်သံတော်ဦးတင်နေရမှာလား?"

တဖြည်းဖြည်းစိတ်ရှုပ်စရာကောင်း
လာတဲ့ဒီနေရာ
စိတ်ရှုပ်စရာကောင်းလာတဲ့လူတွေ
ဘယ်သူ့မျက်နှာကိုမှမမြင်ချင်

သူမြင်ချင် တွေ့ချင်တာကတစ်ယောက်တည်း တစ်ဦးတည်း

(နောက်ပိုင်းပါလာမဲ့ခပ်ရိုင်းရိုင်းစကားလုံးတွေကြောင့် ကြိုတင်တောင်းပန်ပါရစေ 🙇🏻‍♀️
ကြမ်းကြမ်းတမ်းတမ်းမုဒ့်အပြည့်ဝင်မှဖြစ်မှာမို့လို့ပါ)

"ငါ့ဘာသာငါသွားချင်တဲ့နေရာသွားမယ် အချိန်မီပြန်မရောက်ရင်မပူနဲ့
ငါနဲ့ဟိုနှစ်ယောက် Campingပြီးလို့အိမ်ပြန်ခါနီးမှရောက်မလာရင်စောင့်မနေနဲ့တော့ ဆရာ့ကိုအ‌ဆင်ပြေအောင်ပြောပြီးပြန်ကြ"

တစ်ခွန်းတည်းအပြတ်ပြောပြီး ချာခနဲလှည့်ထွက်လာခဲ့သည်

"အဲ့လိုရမလား ကင်မ်ထယ်ယောင်းရဲ့"

"မသိချင်ဘူးကွာ ရရ မရရ"

ဒီ့ထက်ပြောစရာစကားမရှိတော့
ဒီညှင်းသိုးသိုးမျက်နှာတွေကိုမြင်ရတာ စိတ်ကုန်လှပြီ

ဇွတ်တရွတ်နဲ့ခြေဦးလှည့်လာမိတာက
ဟိုနှစ်ယောက်ခြေချခဲ့တဲ့နေရာနဲ့မလွဲမသွေ

▫️▫️▫️▫️

မိုးလင်းလို့မျက်လုံးနှစ်လုံးဖွင့်တာနဲ့မြင်လိုက်ရတဲ့မျက်နှာကြည်ကြည်လင်လင်လုံးလုံးလေးကြောင့် စိတ်တွေလန်းဆန်းသွားရသည်

ညကနှင့်လုံးဝမတူတော့တဲ့အုအက်
နုဖက်နေတဲ့မျက်နှာလေး

ကော့နေတဲ့မျက်တောင်သေးသေးလေးတွေ ပြီး‌‌တော့နှာခေါင်းပွပွလေး နှုတ်ခမ်းဖူးဖူးလေး

"Aishii >\\<"

ပါးလေးကိုခပ်ဖွဖွထိတွေ့ပြီးကာမှအဆမတန် နီရဲပြီးပူတက်လာတဲ့မျက်နှာကြောင့် လက်ကိုရုတ်သိမ်းမယ်လုပ်တော့ ဆိုင်းမဆင့် ဗုံမဆင့် ဖမ်းကိုင်ခံလိုက်ရသည်

BOND : Take Me To The ParadiseWhere stories live. Discover now