Part-3

550 86 4
                                    

"ဒါဆို ကောင်းကောင်းပြန်နော်"

"အင်း!!"

အိမ်ထဲကိုမဝင်ချင်ဝင်ချင်နှင့်
ဝင်လာရသည် ဒီအချိန်ဆို
သူမအမေလည်းပြန်ရောက်ဦးမှာလည်းမဟုတ်သေး
ဘယ်တုန်းကမှဒီအချိန်အိမ်ပြန်‌လာတတ်တာမဟုတ်
ဘာလုပ်ရမှန်းမသိ‌ဖြစ်နေသည်
ရုပ်ရှင်ကြည့်ရအောင်လည်း
အိမ်ကကားတွေကအကုန်ကြည့်ပြီးသား
ရုပ်ရှင်လည်းမကြည့်ချင်

လမ်းထိပ်ကရပ်ကွက်စာကြည့်တိုက်ကိုထွက်လာခဲ့တယ်
ပုံမှန်ဆိုစာကြည့်တိုက်သွားတာရှားတဲ့သူကများ ဟိဟိ

"Omma!! ပြန်ရောက်ပါပြီ"

"အင်း သား ပြန်လာပြီလား"

"ဘာကူညီရဦးမလဲ"

ကင်ထယ်ယောင်းတစ်ယောက်
ကျောင်းလွယ်အိတ်တွေဘာတွေချပြီး ရှပ်လက်ရှည်ကိုခေါက်တင်ကာ မီးဖိုချောင်မှာအလုပ်ရှုပ်နေတဲ့
သူ့အမေကိုနောက်ကနေပခုံးကိုင်ကာမေးလိုက်သည်

"ဟင်?? ကူညီချင်လို့လား"

"အင်းလေ!!"

"စာလုပ်စရာရှိတာဘဲ သွားလုပ်ပါသားရယ် အမေလုပ်စရာတွေကအကုန်ပြီးနေပါပြီ"

"အင်းပါ ဒါဆို အခန်းထဲမှာရှိမယ် အချိန်မရွေးလှမ်းခေါ်နော်"

"အင်း စာသာကောင်းကောင်းလုပ်ပါ"

ကျောင်းလွယ်အိတ်လေး
ပြန်သယ်ကာအခန်းထဲပြန်ဝင်သွားသည့်ထယ်ယောင်းကိုကြည့်ကာသက်ပြင်းချမိသည်

ဒီအချိန်ထိလည်းမိန်းကလေးသူငယ်ချင်းဆိုတာဘာမှန်းတောင်သိတဲ့ပုံလည်းမပေါ်ဘူး
အူတူတူ‌‌ငိုင်တိုင်တိုင်လေးမို့အရင်ကျောင်းမှာလဲ အမြဲအနိုင်ကျင့်ခံရသည်
မျက်နှာလှလှလေးမှာထိုးရာကြိတ်ရာတွေနဲ့အမြဲပြန်လာတတ်တာမို့ တက္ကသိုလ် ပထမနှစ်အပြီးမှာတော့ ကျောင်းပြောင်းခိုင်းလိုက်ရသည်  အနေအေးပြီးစာဘဲကုန်းလုပ်တတ်တဲ့သူကိုဘာလို့ရန်ရှာကြလဲပေါ့
အဖြေကရှင်းပါတယ်
မျက်နှာလှလှလေးကြောင့်
မိန်းကလေးတွေကြားနာမည်ကြီးတယ်
ဒါကိုမနာလိုတဲ့ယောကျာ်းသားတွေကအများသား 
အဖိုးတန်မျက်နှာလေး 
အဖိုးတန်စိတ်ထားလေးနဲ့
သားလေးတစ်ယောက်တည်းရှိတာကိုလုံးဝအထိခိုက်မခံချင်ပါ

BOND : Take Me To The ParadiseWhere stories live. Discover now