(Part -5)

497 32 8
                                    

Unicode

*Phone ringing*

Phi Baiဆီ ထမင်းချိုင့် ပို့ဖို့ အလာ bus-stopမှာရပ်နေချိန် ဖုန်းမြည်လာခြင်းဖြစ်သည်
ဖုန်းမြည်တာနဲ့ ဘယ်သူဆိုတာ တန်းသိသည်
ကျွန်တော့်ဖုန်းမှာ contact nameတစ်ခုတည်းသာ ရှိသည်ကိုး
ဒီလိုအချိန်ဆို သူဆက်နေကျ....ပြီးရင် ဂရုစိုက်ဖို့အကြောင်း လမ်းကို ကောင်းကောင်းသွား ဘယ်လို ဘာညာ နဲ့ မှာတမ်းခြွေအုံးမည်
"Hello Phi Bai..."

"Win.....လာနေပြီလား"

"ဟုတ်"

"သေချာလာနော် မှတ်တိုင်ကျော်သွားအုံးမယ် သေချာဂရုစိုက် ဆေးရုံကိုပဲ......"

"ဟိုးထား ဆရာ...ဆေးရုံကိုပဲ တန်းတန်းမတ်မတ်လာလို့ ပြောမလို့မလား ဒါတွေပဲ နေ့တိုင်း ဖုန်းဆက်ပြောနေရတာ မမောဘူးလား"

"ကိုယ်က စိတ်ပူလို့ပါ"

"သိပါတယ်ဗျ ကျွန်တော်လာပို့နေကျပဲကို အရင်လိုမဟုတ်တော့ပါဘူး ဒါပဲနော် busကား လာပြီ"

"Ok...ok"

တစ်ဖက်က ဖုန်းချသွားသည်နှင့် ဘတ်စ်ကားပေါ် တင်ကာ ပြတင်းပေါက် ရှိသော ဘက်၌ နေရာယူလိုက်သည်
ဆေးရုံကို ကျွန်တော်ပဲ ထမင်းချိုင့် သွားပို့နေတာကြာပြီ
ဘဘက အသက်ကြီးပြီမဟုတ်လား ဒါကြောင့် ဘာမှမလုပ်ရဘဲ အားနေတဲ့ ကျွန်တော်က အလုပ်မရှိ အလုပ်ရှာနေရသည် ဘဘ ပင်ပန်းမှာစိုးလို့ ‌ဆိုတဲ့အကြောင်းပြချက်နဲ့ နေ့လည်စာ အမီချက် ထမင်းချိုင့်ပို့ အချိန်ပိုင်းအလုပ်လည်းပြေးရသည် ဒီလိုမှ မဟုတ်ရင်လည်း ပျင်းလွန်းလို့ ကျွန်တော်သေသွားနိုင်သည်

ဆင်းရမယ့်မှတ်တိုင်ရောက်တော့ အပြေးလေးဆင်းကာ ဆေးရုံကို အမြန်သွားမိသည် နေ့လည်စာ စားချိန် နောက်ကျတတ်တဲ့ သူ့ကို အချိန်မှန်စားဖို့ ကျွန်တော် တတွတ်တွတ် ပြောရအုံးမည်လေ

ဆေးရုံရောက်တော့ သူ့ရဲ့နားနေခန်းနားကို အရောက်သွားမိသည် နားနေခန်းမရောက်ခင် မလှမ်းမကမ်းလောက်မှာ ဒေါက်တာမလေးများနဲ့ ရယ်ရယ်ပြုံးပြုံး စကားပြောနေသောသူ.....။
အော်ဟော......ပြုံးနေတာများ ပါးစပ် နားရွက်တက်ချိတ်မတတ်။

Never regret(Completed)Where stories live. Discover now