Unicode
မနက်တိုင်း အိပ်ရာနိုးတာနဲ့ ချစ်ရသူရဲ့မျက်နှာကို အရင်ဆုံး မြင်ရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်သလဲ
ခုလည်း ကျွန်တော့်ရင်ခွင်ထဲက မျက်နှာနုနုလေးကို ငေးကြည့်နေရတာ ကျွန်တော့်ရဲ့နေ့စဉ် အလုပ်တစ်ခုလိုတစ်ယောက်တည်း မအိပ်ချင်ပါဘူးဟု ပြောသော ပေါက်စက အမြဲတမ်းလိုလိုတော့မဟုတ်ပေမဲ့ ကျွန်တော့်အခန်းကို လာအိပ်တတ်သည်
အိပ်နေတာတောင် ချစ်ဖို့ကောင်းလွန်းတဲ့ကလေးငယ်
မှိတ်ထားတဲ့ မျက်ခွံလေးတွေရယ် မျက်တောင်စင်းစင်းလေးတွေရယ် အသားအရည်ကောင်းတဲ့ကလေးငယ်ရဲ့ ဖြူနုနေတဲ့မျက်နှာလေးရယ်
နီရဲရဲ နှုတ်ခမ်းဖူးဖူးလေးရယ် နှာတံလုံးလုံးလေးရယ် အိမ်မောကျလျက်ရှိတာကြောင့် ဟစိစိဖြစ်နေတဲ့ ပါးစပ်လေး
ပေါ်နေတဲ့ ယုန်သွားလေးလို ရှေ့သွားလေးနှစ်ချောင်း
အပြစ်စရာမရှိအောင် ချောတဲ့ ကောင်လေးက ကျွန်တော့်ချစ်သူဖြစ်နေတာ ကျွန်တော်ကံကောင်းတယ်မလားကျွန်တော်မြတ်နိုးရတဲ့ ညာဘက်ပါးပေါ်က မှဲ့နက်လေးပေါ် နှုတ်ခမ်းတွေကို ဖိကပ်မိတော့
တအင့်အင့်နဲ့ မျက်မှောင်ကျုံ့ကာ သူ့နားကပ်နေတဲ့ ကျွန်တော့်မျက်နှာကို သူ့လက်တွေနဲ့ တွန်းဖယ်လာသည်သူ့မျက်နှာလေးကို လက်တစ်ဖက်ဖြင့်အုပ်ကိုင်ကာ
"နိုးပြီလား Babe"
"အိပ်နေတာကို ဘေးကနေ ဘာလို့ လှုပ်စိလှုပ်စိလုပ်နေတာလဲ"
မျက်မှောင်ကျုံ့ နှုတ်ခမ်းကိုထော်ကာ ပြန်ရန်တွေ့သော ပေါက်စ သူ့ကိုနိုးအောင်လုပ်လို့ စိတ်ဆိုးပါသည်ပေါ့
ရန်သာတွေ့နေတာ ပေါက်စက ခုထိ မျက်လုံးမဖွင့်သေး"အိပ်နေတာလေး အသဲယားလို့"
မျက်လုံးမှိတ်ထားတဲ့ ကလေးငယ်က ပြုံးဖြီးနေတဲ့ ကျွန်တော့်မျက်နှာကို မြင်နိုင်မယ်မထင်
အသဲယားစွာ အခုထိထော်နေသေးတဲ့ နှုတ်ခမ်းလေးကို တစ်ချက် ဖိကပ်ပစ်လိုက်သည်နမ်းလိုက်တာကြောင့်မျက်လုံးတွေကို ဖြတ်ကနဲ ဖွင့်လာကာ ငုတ်တုတ်ထထိုင်သည်
ရုတ်တရက်ဆိုတော့ ကျွန်တော်လည်းလန့်ပြီး သူနဲ့အတူ ထထိုင်မိသည်
YOU ARE READING
Never regret(Completed)