(Part 2)

680 37 4
                                    

Unicode

ဒီနေ့တော့ အရင်နေ့တွေထက် အစောကြီးနိုးနေမိသလို ညက ကောင်းကောင်း အိပ်မပျော်ဖြစ်ဘူး
ခေါင်းထဲမှာလည်း အတွေးပေါင်းသောင်းခြောက်ထောင်က နေရာယူလျက်
ကျွန်တော် သူနဲ့ရင်းနှီးအောင် ဘယ်လို ကြိုးစားရမလဲ
သူကကော ကျွန်တော့်ကို မှတ်မိပါ့မလဲ ဘယ်မှတ်မိနိုင်မလဲ အဲ့တုန်းက သူ အရမ်းငယ်သေးတယ်မဟုတ်လား

ဒီနေ့ သူ့ကို ထပ်တွေ့ရင်ရော ကျွန်တော်ဘာလုပ်ရမလဲ
ကျွန်တော် ခေါင်းတစ်ခုလုံးလည်း ထူပူနေပြီ

အားးးးး ငါ ဒီနေ့ သူနဲ့သိအောင်ကြိုးစားရမှာကို
မျက်တွင်း ဟောက်ပက်နဲ့
သွားပါပြီ ငါနဲ့ ‌မျက်နှာချောချောလေး

"ဟာ တကယ်ပါပဲ မင်းနဲ့မှရူးတာပါပဲ"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

At school.....

ဒီနေ့ ကျောင်းကို အစောကြီးထွက်လာမိသည်
စိတ်ထဲ အတွေးပေါင်းစုံက စိုးမိုးလျက်
အစောကြီးရောက်နေတာကြောင့် ကျောင်းထဲလည်း ကျောင်းသားသိပ်မရှိနေပါ
သူလာမလားဆိုတဲ့အသိကြောင့် canteenမှာသာ ထိုင်စောင့်နေမိသည်
သူ့ကိုတွေ့ရင်ရော ကျွန်တော် ဘာလုပ်ရပါမလဲ
အခုချိန်မှာစိတ်လှုပ်ရှားလွန်းလို့ ကျွန်တော်သေသွားနိုင်တယ်

အတတ်နိုင်ဆုံးကတော့ သူ့ကိုတွေ့ရင် ကျွန်တော်သူ့ကို သိတဲ့အကြောင်းပြောမယ် ကျွန်တော်ဆွဲထားတဲ့ပုံတွေ သူ့လက်ထဲထိုးထည့်ပြီး ထွက်ပြေးမိလောက်တယ်
သူနဲ့မှ ကျွန်တော် သူရဲဘောကြောင်နေမိလေခြင်း

A few minutes later.....

နောက်ဆုံးမှာတော့ စောင့်ဆိုင်းခြင်းရဲ့ရလဒ်အနေနဲ့ canteenထဲကို လှမ်း၀င်လာတဲ့ အရမ်းမြင့်မြင့် ဖြူဥဥ ကောင်လေး
သူဘယ်‌‌နေရာ‌တွေ သွားလာတတ်လဲ ဘယ်နေရာရှိနေနိုင်မလဲ မသိပါဘဲ သူလာမလားဆိုတဲ့စိတ်နဲ့ ကျွန်တော်စောင့်နေခဲ့တာ တကယ်ရောက်လာသား ဒါ သူနဲ့ ကျွန်တော် Soulmateပဲ
ထားပါလေ ဒါက ကျွန်တော့်ရဲ့တစ်ဖက်သက်အတွေးသက်သက်သာ.....

တစ်ခြားသူတွေအတွက်တော့ မသိပေမဲ့ ကျွန်တော့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလို
လှမ်း၀င်လာတဲ့ခြေလှမ်းတိုင်းက တက်ကြွမှုအပြည့်နဲ့ ကျွန်တော့်မြင်နေရတဲ့ မြင်ကွင်းထဲ ချစ်ရတဲ့ကလေးငယ်က အတောက်ပဆုံးသောပဲ

Never regret(Completed)Where stories live. Discover now