Unicode
အပြန်လမ်းတစ်လျှောက်လုံး ကားမောင်းနေရင်း နှစ်ယောက်လုံး စကားတစ်ခွန်းမှမဟဖြစ်ကြ
Phi Brightက အခုထိ ဒေါသမပြေသေးသည့်ပုံမို့ သူလည်း စကားစမပြောရဲ
ခါတိုင်း လာကြိုလေ့မရှိသည့် Phiက ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ပင် လာကြိုရတယ်လို့ အော် ရေစက်များလည်း ဆုံချင်တော့ လခွမ်းတွေကိုဖြစ်လို့
စိတ်ရှုပ်ဖို့ကောင်းလိုက်လေခြင်း
Parking lotတွင် ကားရပ်ပြီးသည်နဲ့ Phiက သူ့ဘက်က ကားတံခါးကို ဆွဲဖွင့်ကာ သူ့လက်ကို မြဲမြဲဆွဲလျက် elevatorကိုဆွဲခေါ်သွားသည်
သူ့အပေါ်တွင် အမြဲ ဂရုတစိုက်နဲ့ အပြုံးတွေကိုသာ လှစ်ဟပြတတ်သော Phiက ရုပ်တည်ကြီးနဲ့ဆိုတော့ သူ့မှာ ခပ်လန့်လန့်ရယ် ငြိမ်ငြိမ်လေးနေလျက်သာ Phi နောက်က လိုက်ခဲ့လိုက်ပါသည်အခန်းထဲ ရောက်တော့မှ သူ့လက်ကို လွှတ်ပြီး Phiကဆိုဖာတွင်ထိုင်ကာ
"ကိုယ်တို့ နှစ်ယောက် ရှင်းစရာရှိတာတွေရှင်းသင့်တယ်မဟုတ်လား"
Phi သူ့ကို စိတ်ခုသွားမှာ သူအလွန်ကြောက်ပါသည်
အခု Phiက သူ့ကိုအထင်လွဲနေသည်လား
ဒီလိုဆို သူ့ကို မယုံကြည်ရာ ရောက်နေပြီမလား"Phi....Winကို မယုံတာတော့မဟုတ်ဘူးမလား"
"မဟုတ်ဘူး ကိုယ်မယုံတာ Phi Khonnကို ဒါမဲ့ မင်းဆီက ဖြေရှင်းချက်တော့ကိုယ်ရသင့်တယ်မလား"
အေးဆေးတည်ငြိမ်စွာ ဖြေရှင်းရန်ကြိုးစားနေသော phiကြောင့် အနည်းငယ်တော့ ထိတ်လန့်နေမိသည့်အဆင့်ကို ကျော်လွှားနိုင်ခဲ့ပြီ
"OK....Win ပြောပြမယ် Winသူ့ကို Phi Khonnမှန်း တကယ်မသိတာပါ သူနဲ့တွေ့တာ ဒါဒုတိယအကြိမ်မြောက် ပထမတစ်ခါက......."
ပထမတစ်ခါက နဲ့အစချီပြီး ထိုလူနဲ့ လူချင်းတိုက်မိပြီး စတွေ့ပုံကစလို့ ဒီနေ့ ရောက်လာပြီး နှောက်ယှက်တာအဆုံး အကုန်ပြောပြလိုက်ပါသည်။
Phi Brightက သူပြောသမျှက ခပ်တည်တည်ဖြင့် နားထောင်နေလျက် တစ်ခါတစ်ခါ အကြည့်ချင်းဆုံမိရင် ပြောနေရင်းတန်းလန်း စကားတောင်ပျောက်တယ်"Winလည်း Phi Bai ရောက်လာမှ အဲ့တာက Phi ဦးလေးမှ နည်းနည်းရိပ်မိသွားတာ ကျွန်တော်တောင်းပန်ပါတယ် Phiကိုမပြောပြတာမဟုတ်ပါဘူး အဲ့နေ့က Phiကစိတ်ရှုပ်နေတဲ့ပုံပေါ်တာနဲ့ ၀င်တိုက်မိရုံဘာမှလည်း ထွေထွေထူးထူးမဟုတ်ပါဘူး ဆိုပြီး မပြောတော့တာ"
YOU ARE READING
Never regret(Completed)