(Part-9)

493 34 14
                                    

Unicode

အခုတလော အလုပ်များနေရသည်။
အဖေနဲ့စကားများပြီး နောက်ရက်‌တွင် သားအဖနှစ်ယောက် သဘောတူညီချက်ရယူခဲ့သည်
ကုမ္ပဏီတွင် အလုပ်၀င်လုပ်ရမည် ကျန်တာ မင်းသဘောဟု ဆိုလာသော အဖေ့ကြောင့် ၀မ်းသာမိသည်
ကျွန်တော် Eingနဲ့လက်ထပ်စရာမလိုတော့
ဆရာ၀န်အလုပ်လည်း ထွက်စရာမလိုတော့
ဒါပေမဲ့ ဂျူတီပြီးသည်နှင့် ကုမ္ပဏီဘက်လှည့်နေရခြင်းကြောင့် ကလေးငယ်ကိုလွမ်းနေရသည့်ရောဂါတစ်မျိုး တိုးလို့လာသည်
အရင်လို မအားလပ်တော့သောကြောင့် ကလေးငယ်ရဲ့မျက်နှာကိုပင် သေချာမကြည့်နိုင်သည်အထိ

ဒီနေ့တော့ ကုမ္ပဏီကနားရက်ရသည်မို့ မနက်ပိုင်းဂျူတီပြီးသည်နှင့် အိမ်သို့သာ တန်းကြန်ခဲ့သည်
ကလေးငယ်ကို လွမ်းလှပြီလေ

အိမ်တံခါးကို passwordရိုက်ဖွင့်ပြီး ၀င်လိုက်သည်နှင့်

"Win ကိုယ်ပြန်ရောက်....."

Winကမီးဖိုချောင်ကနေ အသီးပန်းကန်လေးကိုင်ကာ ဧည့်ခန်းဆီလျှောက်လာပြီး
အခန်းရှေ့ဧည့်ခန်းက ဆိုဖာ‌တွင် မိန့်မိန့်ကြီးထိုင်နေသော အမေကိုတွေ့လိုက်ရသည်

"အမေ ဘယ်က ဘယ်လို"

"ဘာလဲ အမေက ကိုယ့်သားဆီလာတာတောင် မရဘူးလား"

"မဟုတ်ပါဘူး သားက အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး"

"အမှန်တော့ အမေလည်း သားဆီလည်း လာရင်း Winလေးကိုလည်းတွေ့ချင်လို့"

အမေက Win ကို မှတ်မိနေသားပဲ ကလေးငယ်ရဲ့ပုံစံလေးကို သဘောကျနေပုံလည်းရသည် ဒီတော့လည်း ကျွန်တော့်အတွက် အခြေအနေ ကောင်းသည်ဟုပဲဆိုရမလား

"အမေ သားကိုပြောစရာရှိတယ်"

အမေက Win ဘက်ကို တစ်ချက်ကြည့်လိုက်သည်ကို ကျွန်တော်သတိထားမိသည် ထိုပေါက်စကတော့ သူ့ရှေ့က အသီးပန်းကန်နှင့် TVကလာနေတဲ့ seriesအပေါ်သာ အာရုံရှိလျက်

"Khonn ချင်းမိုင်ရောက်နေတယ် သားသိတယ်မလား"

"သားသိပါတယ်"

Khonn.....Khonnဆိုသည်က အဖေနဲ့ သွေးမတော် သားမစပ်သည့် မွေးစားညီ ကျွန်တော်နဲ့ဆို မွေးစားဦးလေးတော်သည်ပေါ့ ဦးလေးဟုသာ ဆိုရတာ သူနဲ့ကျွန်တော် အသက်က အလွန်ဆုံးကွာမှ လေး,ငါးနှစ်မျှသာ

Never regret(Completed)Where stories live. Discover now