" Young က သက်သက် အူကြောင်ကြားနေတာ....
လီလီ ရှိနေရဲ့သားနဲ့ ဘာလို့သူများကိုပဲ အားကိုးချင်နေရတာလဲ"" မင်းကရော ဘာလို့ ခုမှ တအားတွေစေတနာကောင်းနေတာလဲ....ကိုယ့်ဘာသာနေစမ်းပါ"
အိမ်ပြန်ရောက်ပြီးကတည်းက အခြေအနေတွေပြောင်းလဲသွားခဲ့သည်။
အခုဆိုရင် သူက Young နားကို လိုက်ကပ်တွယ်နေရပြီး Young ကတော့ ပစ်ပစ်ခါခါနှင်ထုတ်မြဲ....
Young စိတ်ကို သိပေမယ့် ကြာတော့ဝမ်းနည်းလာသည်။" ရှင် နေမကောင်းမှ ပြောရဆိုရခက်နေတယ်နော်
အရင်တုန်းက လီလီ့ကိုအလိုလိုက်ခဲ့တဲ့ Park Chaeyoung ကိုပဲ ပြန်ရချင်တယ်"" သွားရှာပေါ့..."
လက်ပေါက်ကပ်လှသော သူ့ခေါင်းကိုဒေါက်ခနဲနေအောင် ခေါက်ပစ်ချင်သည်။
သို့သော် မခေါက်ဖြစ်ဘဲ မတ်တပ်ရပ်လိုက်တဲ့ သူ့ကိုတွဲထူမိသည်။" ရပါတယ်ဆိုမှ.....Jennie! !"
" မရှိဘူး.... Jisoo Unnie နဲ့ စျေးဝယ်ထွက်သွားတယ်"
" ဟာ... သူက ဘာကိစ္စစျေးသွားတာလဲ
မင်း လက်ချက်မလား"" တန်းကို ကိုင်ပြီးလျှောက်ကြည့်... ဒေါက်တာပြောတာတော့ လေးငါးလှမ်းလောက်ရရင် အတော်ဟုတ်ပြီတဲ့"
Young က မျက်စောင်းထိုးပြီး လက်ရန်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
အလယ်လူသွားလမ်းလေးပေါ် ခြေတဖက်လှမ်းလိုက်တာနဲ့ လူက ယိုင်ခနဲ....
သူနောက်က ဆီးပွေ့လိုက်တော့ ရင်ခွင်ထဲက လူကြီးက ရှက်ကိုးရှက်ကန်းနဲ့အတင်း ထ ရပ်သည်။" တအားနာနေလား"
" မနာပါဘူး.... အေးဆေးပါ"
မနာဘူးဟုဆိုသော်လဲ သူ့မျက်နာမှာ ချွေးစက်တွေတွဲခိုနေသည်။
မနက်ခင်းရဲ့နေရောင်ခြည်နုနုက တိမ်စိုင်အောက်မှာ ပုန်းခိုနေသလို Young ရဲ့နှလုံးသားက အတင်းတည်ဆောက်ထားသော မာကျောခြင်းအောက်မှာ တိမ်မြုပ်နေသည်။" အံမယ်.... သုံးလှမ်းတောင် ရပြီ....
Young က ဘယ်ဆိုးလို့လဲ"