Zawgyi
<သူ့ကို လွမ်းဆွတ်လို့ ကျွန်မအိပ်ပျော်သွားတဲ့အတွက် သူ ကျွန်မဆီလာခဲ့သလား
ဒါဟာအိပ်မက်လို့ ကျွန်မသိခဲ့မယ်ဆိုရင် ဘယ်
တော့မှနိုးထလိမ့်မှာ မဟုတ်>အောက်ထပ်က ခြေသံတွေကြောင့် ချက်ချင်း
မတ်တတ်ထရပ်လိုက်တော့ မျက်စိတွေခနပြာ
သွားသည်။
မိုးလင်းခါနီးမှ စာကြည့်စားပွဲပေါ်မှေးကနဲအိပ်
ပျော်သွားမိတဲ့အကျိုးဆက်က အားအင်ချိနဲ့
ခြင်း......လှေကားလက်ရန်းကိုကိုင်ကာ တုန်ယင်မော
ဟိုက်နေတဲ့ရင်ဘတ်အစုံကိုဖိပြီး လှေကားထစ်
တွေကိုတဖြေးဖြေးနင်းနေမိသည်။
နုလိုက်ကြမ်းလိုက်ဖြစ်နေတဲ့ သူ့ကိုလှေကား
ထစ်တွေက လှောင်ရီနေလေမလား......" နိုးပြီလား လီလီ......
Unnie ဖက်ထုပ်ဟင်းရည်ဝယ်ခဲ့တယ်"မီးဖိုချောင်ထဲမှာ လူတွေရှုပ်ယှက်ခတ်နေပေ
မယ့် တွေ့ချင်သူကို မတွေ့ရ.....
ခါတိုင်းဆို သတင်းစာတစ်စောင်ကိုင်ကာ
စီးကရက်ကိုကိုက်ခဲထားတဲ့ အကြောတင်း
တင်းမိန်းမတစ်ယောက်က နွေးထွေးစွာပြုံးပြ
ပြီး ကြိုဆိုမြဲ......
Jennie Unnie က လက်ကိုလာကိုင်မှ အသိ
ဝင်လာသည်။
Unnie မျက်လုံးတွေက မှုန်မှိုင်းနေသလို.....
သူ မျက်နာလွှဲလိုက်သည်။" ဒီမှာလာထိုင်...... Unnie နဲ့အတူ
စားရအောင်"ထိပ်ဆုံးက ထိုင်ခုံရဲ့လစ်ဟာမှုကိုစိုးရိမ်လာမိ
သည်။
ပြီးတော့ Jennie Unnie ရဲ့ ဖြူရော်နေမှုကိုလဲ
စိတ်တိုင်းမကျ......." လီလီ့ကောင်လေးကို ပြန်ပို့လိုက်ပြီ
သူ့အဖေကိုလဲ တောင်းပန်ခဲ့တယ်"" ဘာလို့လဲ! !"
သူ စိတ်တိုစွာအော်မိတော့ အားလုံးတိတ်ဆိတ်
သွားသည်။
Jennie Unnie ကလဲ စားလက်စကိုရပ်လိုက်
သလို ကော်ဖီငှဲ့ပေးနေတဲ့ အိမ်အကူကလေးမ
တွေလဲ အလိုက်တသိထွက်သွားကြသည်။" ဘာလို့ပြန်တောင်းပန်တာလဲ! !
ဘယ်တုန်းက တောင်းပန်ဖူးလို့လဲ.....
ပတ်ချယ်ယောင်း ဘယ်မှာလဲ! !!"Jennie Unnie က ဇွန်းပြန်ကိုင်လိုက်တယ်....
သိသိသာသာတုန်ယင်နေတဲ့ လက်တွေကို
မုန်းလိုက်တာ........