နောက်တနေ့ Young ဆီကို သူလာတော့ အနားမှာ ဘယ်သူမှမရှိ.....
အခန်းရှေ့က Body Guard နှစ်ယောက်ကိုကျော်ဖြတ်ပြီးသည်နှင့် ကုတင်ပေါ်မှာ အရက်လေးတမြမြလုပ်နေသော Young ကို တန်းတွေ့လိုက်ရသည်။
အနဲငယ်ရီဝေနေသော မျက်လုံးလေးတွေက တဖြတ်ဖြတ်ပုတ်ခတ်လျှက်.....
သူ စိတ်တိုသွားရသည်။" လူနာက အရက်မသောက်ရမှန်း မသိဘူးလား
အခုထိ စိတ်ချရတဲ့အခြေအနေလဲ မဟုတ်ဘဲနဲ့.....
ကိုယ့်ဘာသာတော့ ဂရုစိုက်သင့်တာပေါ့....
ကလေးလဲ မဟုတ်တော့ဘူး.... "ကုတင်ဘေးက စားပွဲခုံပေါ် လိမ္မော်သီးထုပ်ကို ဘုန်းခနဲဆောင့်ချလိုက်တော့ ဆေးလိပ်ပြာ တစ်စနှစ်စက လေထဲလွင့်လာသည်။
အရှင်သခင်မလေးက ဂရုတောင်မစိုက်.....
ဘယ်သူဖဲ့သွားပေးမှန်း မသိတဲ့ ကြက်သားမျှင်လေးတွေကို ကောက်မြည်းနေ
သေးတာ....
သက်ပြင်းကိုသာ ဟူးခနဲချလိုက်မိသည်။" မလာနဲ့လို့ပြောထားတယ်မလား"
ဆိုဖာပေါ်ကို ထိုင်ချရုံလေးပဲရှိသေး နှင်ထုတ်လာတဲ့ Young ကို မျက်စောင်းထိုးပစ်လိုက်သည်။
" ကျွန်မက ရှင်ယူထားတဲ့ မိန်းမလေ
လာပိုင်ခွင့်ရှိတယ်
မနေ့တုန်းကလဲ အကုန်လုံးရှင်းပြပြီးသွားပြီပဲ"" မင်းက ငါ့ကို မကျန်းမာတဲ့လူဆိုပြီး မလေးစားတော့တာလား... "
" ဟာ... မဟုတ်ပါဘူး"
Young က ပုလင်းနဲ့ပန်းကန်တွေကို စားပွဲခုံပေါ်တင်သည်။
လက်ချောင်းထိပ်လေးတွေကို လျှာနဲ့ယက်နေပုံက သိပ်ချစ်ဖို့ကောင်းလွန်း၍ ပြေးဖက်ထားချင်မိသည်။" ခေါင်းအုံးက အရမ်းမာတယ်
မနေ့ညက အိပ်မပျော်ဘူး"အမှန်ပင် မျက်ကွင်းတွေညိုနေသောကြောင့်
သူ ပြာယာခတ်သွားမိသည်။" ခေါင်းအုံးအသစ်ဝယ်ပေးရမလားဟင်"
" ရပါတယ်.....ဒီညနေပဲ ဆေးရုံဆင်းတော့မှာ....အခုတော့ ခနအိပ်ချင်တယ်"
ကုတင်ပေါ်တက်ကာ တင်ပလ္လင်ခွေထိုင်လိုက်တော့ သူ့ပေါင်ပေါ် Young က လှဲချလာသည်။
မျက်ခွံမို့မို့တွေက မြတ်နိုးစရာ....
စိတ်ပြေသွားလို့ တော်သေးတာပေါ့....."Young.... ဆေးရုံဆင်းလို့မဖြစ်သေးဘူးထင်တယ်
ခြေထောက်က.... "" ခြေထောက်က စတီးချောင်းထည့်ပြီးနေပြီပဲ
ဘာမှမဖြစ်တော့ဘူး....
အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ရင်း နားချင််တယ်
Jennie တို့လဲ ရှိတယ်လေ.... "" လီလီလဲ ရှိပါတယ်"
ဘွဲ့အမြန်ရချင်မိတဲ့ စိတ်ဖြစ်လာမိသည်။
လူပုံလယ်မှာ တင့်တင့်တယ်တယ်ရပ်တည်နိုင်ပြီး Young ကို ကာကွယ်နိုင်ချင်သည်။" မင်းက စာသာ အေးအေးဆေးဆေးသင်ပါ
ကျန်တာ ငါ ကြည့်လုပ်လို့ရပါတယ်
ငါ့နားမှာ မင်းနေချင်သရွေ့တော့ နေပေါ့"" လီလီက တသက်လုံး နေမှာ...."
" စောင့်ကြည့်ရမှာပေါ့ကွာ....."
အိပ်ပျော်သွားတဲ့ Young မျက်နာလေးက ငြိမ်းချမ်းနေသည်။
လက်ဖဝါးဆုပ်ထဲက ဆံပင်တွေက ကျွတ်ဆပ်ပြီး ရှုပ်ထွေးနေတာကြောင့် တပင်ချင်း ဖြေးညင်းစွာ ရှင်းလင်းပေးနေမိသည်။
မဟုတ်ရင် ခေါင်းဖြီးသည့်အခါ ခက်ပေလိမ့်မည်။
ထို့ထက် စိတ်မရှည်သည့် Young က ခေါင်းဖြီးကို တရကြမ်းဆွဲချလျှင် နာကျင်နေမှာစိုးသောကြောင့်....." အွန်း.... လီလီ.... "
" ကျွတ်.... ကျွတ်.... ကျွတ်...."
အိပ်နေရင်း ယောင်နေသောကြောင့် ငယ်ထိပ်ကိုလက်နဲ့သပ်ပြီး ချော့လိုက်မိသည်။
Young စိတ်ထဲမှာ သူရှိနေသေးသားပဲ....
တော်သေးတာပေါ့...
Young စိတ်နာသွားမှာ တွေးပူပြီး ဘယ်လောက်တောင် စိုးထိတ်ခဲ့ရလဲ.....********
နဲနဲတိုသွားတယ်😁