🎶🎵မင်္ဂလာချိန် ရက်မြတ်သို့ရောက်ခဲ့ပြီ... လက်ထပ်ပွဲလေး ကျင်းပကြတော့မည်.... ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့ ဘယ်ခါ မမေ့ပေ... မောင်မယ်နှစ်ဦးသား ပြုံးပန်းကိုယ်စီပွင့်လန်းလို့နေ..🎶🎵နွဲ့ယဉ်ဝင်းရဲ့ ချိုသာလှသော အသံလေးက ခန်းမတွင်းမှာ တီးတိုး မျောလွင့်လျက်.... စိမ်းရဲ့ လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားသော ထက်ကိုရဲ့ လက်အား ရုန်းကြည့်သည်...မရ.မော့်ကြည့်လိုက်တော့ သူမကို ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းတို့ဖြင့် ကြည့်နေသော ထက်ကို.. သူမ မှားပြီလား.... လင်းစက်ရောင် ကို ရွဲ့ချင်သောစိတ် သူ့ကိုနာကျင်စေချင်သော ဇွတ်တရွတ် စိတ်ဖြင့်သာ လက်ထပ်ပွဲကို လက်ခံခဲ့ခြင်းသာဖြစ်သည်...
ဦးဦးနှင့် ဒေါ်ဒေါ်ကို ကြည့်မိတော့ ပျော်ရွင်စွာ ဧည့်သည်များကို ဧည့်ခံနေသည်ကို တွေ့ရသည်... မြရည်၏ လက်ထပ်ပြီးရင် သူ့အလိုလိုချစ်သွားမှာ ဟူသော စကားများကလဲ တစ်ရစ်ဝဲဝဲ..."နေမကောင်းဘူးလား စိမ်း... ဖြူဖျော့နေတာပဲ.."
ထက်ကိုရဲ့ ကြင်နာသည့် စကားသံက ညစ်ညူးနေသည့် စိမ်းစိတ်ကို ပို၍ ခေါင်းကိုက်စေသည်... စိမ်း အသာပြုံးပြကာ
"နဲနဲ ပင်ပန်းလို့ပါ... မနက်က အစောကြီးထရတော့လေ..."
"ဟုတ်လား.. ခဏနော် ခေါင်းမူးပျောက်ဆေး သွားယူလိုက်မယ်... သောက်လိုက်နော်... "
"ရပါပြီ... နေပါစေ.."
"လင်မယားပဲ ဖြစ်တော့မယ်လေကွာ.... အားနာစရာလိုလို့လား.."
ထက်ကို အနားကထွက်သွားမှ အသက်ရှုချောင်တော့သည်... သတို့သမီးစိမ်းကို ထက်ကိုရဲ့ ဆွေမျိုးထဲက လာရောက်နှုတ်ဆက်နေကြပြန်သဖြင့် စိမ်းခမျာ ထိုင်နေရသော်လည်း မနားရ... ပြန်လည် နှုတ်ဆက်ရသည်... လူနဲနဲပါးတော့မှ ဆေးသွားယူသည့် ထက်ကို ကိုလှမ်းကြည့်မိတော့ သူ့သူငယ်ချင်းတစ်စုကြားမှာ ရုန်းမရပြုမရအခြေအနေကြားမှ မျက်နှာမဲ့ကာ စိမ်းကို လှမ်းကြည့်ပြီး ဆေးမြှောက်ပြသည်... စိမ်း သူ့ရဲ့ ထွက်မရပြုမရပုံကို ကြည့်ကာ ရီမိတော့သည်...
"ပျော်နေမှာပေါ့နော် မမစိမ်း... "
ပျော်ရွင်ရီမောနေကြသော မင်္ဂလာသတို့သားနှင့် သတို့သမီးကို ကြည့်ကာ လင်း ရင်တွေတသ်ဆစ်ဆစ်ကိုက်ခဲလျက် ကွဲကြေနေမိတော့သည်။ သူမ သိပ်လှနေပါသည်။ ဆင်စွယ်ရောင်ထိုင်မသိမ်းနှင့် ဆံထုံးပုံ့ပုံ့လေးထက် သဇင်ပန်းလေးနှင့် ကျက်သရေရှိစွာ လှပနေခဲ့သည်။
YOU ARE READING
For you
Romanceအချစ်က ရယူခြင်းပဲ... လင်းစက်ရောင် အတ္တကို အချစ်လို့ အရောင်မဆိုးစမ်းနဲ့... စိမ်းမြမြ