အာရုံတွေက အလှမ်းဝေးနေသလို ခံစားမိသည် ... အသိစိတ်နောက် လူကမလိုက်နိုင်..မျက်လုံးအား အသာအယာဖွင့်ကြည့်မိတော့ မှောင်မဲကာတိတ်ဆိတ်လျက်.. .လက်မှ နာကျင်မှုကိုတော့ဖြင့် ခံစားနေရသည်...
"နိုးလာပြီလား... "
ထိုစကားပြောပြီးပြီးချင်း လင်းလက်သွားသော မီးရောင်စုံတွေကြောင့် သူမရဲ့ မျက်လုံးအစုံအား ဖျတ်ခနဲ ပြန်ပိတ်လိုက်ရသည်...အား...ခေါင်းကိုက်လိုက်တာ...
"အဟက်..ဘယ်လိုဖြစ်တာတုန်း..ဒေါ်စိမ်းမြမြရဲ့..."
စိမ်း ခေါင်းကိုက်ပြေစေရန် ဘယ်ညာခါရမ်းရင်း အသိတရားတို့က ဝင်ရောက်လာသည်...ဟင်.....လင်း
စိမ်းစကားပြောရန် အားယူလိုက်သော်လည်း အာခေါင်ခြောက်ကပ်လျက် ဘာအသံမှ မထွက်နိုင်ပဲ ဖြစ်နေသည်...ကို့ကိုယ်ကို လေ့လာကြည့်လိုက်တော့ ထိုင်ခုံတစ်လုံးပေါ်ထိုင်နေပြီး လက်နောက်ပြန်ကြိုးတုပ်လျက် အခြေနေ...ရှေ့က TV နှင့် ပြိုးပြက်လက်နေသော မီးရောင်စုံတွေကြောင့် KTV ခန်းဖြစ်မည်ထင်သည်.."ရေ...ရေ...ရေ.."
"သြော်...ရေသောက်ချင်တာလား...အိုခေ ..ရစေရမယ် .."
အရင်လိုပါပဲ....အေးစက်စက်ပုံစံဖြင့် စားပွဲပေါ်မှ ရေကို အေးဆေးစွာ ထည့်နေရင်း...
" ခင်ဗျားက ရေအေးအေးနဲ့ ပုံမှန်ရေနဲ့ရောပြီးမှ သောက်တတ်တာနော်..."
တစ်ယောက်တည်းပြောနေသော သူ့ကိုကြည့်ရင်း စိမ်း မောဟိုက်လာသည်...ရေလဲ မတရားငတ်နေပြီ...
ဟွန့်....
နှုတ်ခမ်းလေးမဲ့ကာ ပြုံးလိုက်ပုံက မျက်နှာနုနုလေးနဲ့ မလိုက်ဖက်စွာ...
စိမ်းမျက်နှာလေးကို မေးစေ့မှအားဖြင့်ကိုင်ကာ မော့စေပြီး ဖိတ်တစ်ဝက်စင်တစ်ဝက် ရေသောက်စေရင်း ရေစိုသွားသော စိမ်းရဲ့ အလှတရားတို့အား ပြုံးမယောင်မဲ့မယောင် နှုတ်ခမ်းတွန့်ကာဖြင့် မျက်စိအရသာခံနေသော သူမ....
ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ရင်း သူမကရီမုယူကာ TV ရှေ့နှိပ်လိုက်တော့ TVမှာပေါ်လာတာက စိမ်းပုံလေးတွေ...အသက် ၁၅နှစ်မှစကာ ယခုချိန်ထိ ပုံများ...အချို့ပုံတွေက စိမ်းတောင်မသိလိုက်သော ပုံများ....စိမ်း မျက်နှာလွဲကာ သူမရှေ့မှ အချေမယ်တော်လေးအား ကြည့်လျက်...
YOU ARE READING
For you
Romanceအချစ်က ရယူခြင်းပဲ... လင်းစက်ရောင် အတ္တကို အချစ်လို့ အရောင်မဆိုးစမ်းနဲ့... စိမ်းမြမြ