ဖြန်း.....
ပါးပြင်ပေါ်ကျလာသော လက်ဖဝါးကြောင့် သူမ ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားရသည်...
"ရုပ်ကြည့်တော့ လူမဖြစ်သေးဘူး...သူများသားသမီးကို ယုတ်မာတတ်နေပြီပေါ့လေ.. လင်းစက်ရောင်"
ဟက်....
နှုတ်ခမ်းဘေးမှ ယိုကျလာသော သွေးစက်အချို့ကို ကြမ်းတမ်းစွာသုတ်လိုက်ရင်း ပြုံးမိသည်....
"အဲ့လိုဖြစ်အောင် ဖေဖေပဲ လေ့ကျင့်ပေးခဲ့တာမလား...ခုမှ ဘာတွေ ဖြစ်နေတာလဲ ..."
"မင်း...လင်းစက်ရောင်...ငါက မိတဆိုးမို့ အလိုလိုက်ထားလို့ ပျက်စီးချင်တိုင်း ပျက်စီးနေတာလား..ဟမ်....မင်းရဲ့ ကိစ္စတွေကို ဘယ်နှခါဝင်စွက်ဖက်ဖူးလဲ...အကုန်မင်းအလိုအတိုင်း ဖြည့်စည်းပေးခဲ့တာချည်းပဲ... အခုတော့ကွာ..ကို့အကို လက်ထက်မဲ့ မိန်းကလေးကိုမှ မင်းလုပ်ရက်တယ်..."
ဦးလင်းအောင် ပြောရင်းဆိုရင်း ရင်ထဲ တနုံ့နုံ့ခံစားနေရသည်...သူ့ရဲ့ သားနှင့်သမီးကို ပြေလည်စေချင်၍ သူ အမျိုးမျိုးကြိုးစားပါသော်လည်း အရာမထင်ခဲ့ချေ။ ယခု သားနှင့်လက်ထပ်မည့်ကောင်မလေးက နှယ်နှယ်ရရမဟုတ် ။ ကို့သားကိုယ်တိုင်ကလည်း လက်ထပ်ချင်လွန်းလှပါသည်..လိုက်တောင်းပေးပါ ဟု တဂျီဂျီပူဆာလွန်း၍ သူ့မှာ အရာအားလုံးမိန်းကလေး သဘောကျဖြစ်စေပါမည် ဘယ်ရွေ့ဘယ်မျှနှင့် တင်တောင်းပါမည် ပြောသည်တောင် အင်တင်တင်လုပ်နေသူမို့ ကတိပြုကာ လက်ထပ်ပေးရန်လုပ်နေစဉ်မှာမှ
သူ့သမီးလုပ်ပုံကြောင့် မျက်နှာပျက် အရှက်ရခဲ့ရသည်..."ဘာလို့ အဖေ့သားကိုပဲ လက်ထပ်ချင်လား မေးတာလဲ...သမီးကိုရော အဖေ မေးဖူးလား...."
"မယားတရူးမနေနဲ့...နင့်လို ကျက်သရေတုံးတဲ့သူမျိုးကို စိမ်းက ယူချင်မယ်ထင်လား...ကို့ အကိုရဲ့ မိန်းမကိုတောင် ကြောင်တောင်နှိုက်ချင်တဲ့ဟာမ...."
ထက်ကို အခန်းထဲဝင်လာပြီး ပြောလိုက်တော့ အလင်း မျက်လုံးစူးခနဲဖြစ်သွားကာ သူ့ကို စိုက်ကြည့်လိုက်သည်....
"ကိုပိုင်ဆိုင်ချင်တဲ့အရာကို ရအောင်ကြိုးစားတာ ဘာဖြစ်လဲ... ဘာကို ဂရုစိုက်ရမှာလဲ..."
YOU ARE READING
For you
Romanceအချစ်က ရယူခြင်းပဲ... လင်းစက်ရောင် အတ္တကို အချစ်လို့ အရောင်မဆိုးစမ်းနဲ့... စိမ်းမြမြ