For you - part 4
ကားဂိတ်ထိုးတော့ ခမ်းယံဘေးနားမှ သူမက အိပ်နေတုန်း။ အကုန်ဆင်းနေပေမဲ့ သူမက မနိုးလာသေးတာကြောင့် သူမလက်ကို အသာတို့ကာ ခေါ်နိုးလိုက်သည်။
"ဒီမှာ... ဒီမှာ.."
အိပ်ချင်မူးတူးဖြင့် ဟိုဟိုသည်သည်ကြည့်နေသော သူမဟာ အရမ်းချစ်ဖို့ကောင်းလွန်းသည်။ ခမ်းယံလဲ သူမသေချာနိုးတာတွေ့တော့မှ ကားပေါ်က ဆင်းလာလိုက်သည်။
ဂျုလိုင်လရဲ့ မနက် 4နာရီအချိန်ဟာ မိုးငွေ့တွေနဲ့ အေးစက်နေသည်။ မနက်စောစောမြို့တွင်းမှာတော့ လူများ၊ဈေးသည်များကဟိုမှသည် သွားလာနေကြပြီ။ တက်ဆီမငှားချင်သော ခမ်းယံ မှာလဲ အဝတ်အစားကျောပိုးအိတ်တစ်လုံးသာပါသဖြင့် သိပ်မဝေးသော အောင်နန်းလမ်းဆီသို့ ခြေလှမ်း ပြင်မိသည်။ ကားဝင်းထဲက ထွက်ကာ
ဆက်လျှောက်လာရင်း ရုပ်ရှင်ရုံနားရောက်တော့ အနောက်မှ ခြေသံတစ်ရှပ်ရှပ်ကို ကြားရသဖြင့် ကြောက်စိတ်တော့ ဝင်လာသည်။
ကားဝင်းနှင့် အောင်နန်းက မဝေးဘူးဆိုငြား နာရီဝက်ကျော်တော့ လျှောက်ရပေသည်။ သူမမြန်မြန်လျောက်လျှင် အနောက်က ခြေသံက ပိုမြန်သည်။သူမ နှေးလျင် သူလဲ နှေးသည်။ သေချာပြီ။ ကျောပိုးအိတ်ကို သေချာချိတ်ကာ အသက် တစ်ဝရှုင်သွင်းကာ ခမ်းယံပြေးပါတော့သည်။ သူမလို စင်ဘီးနင်းတောင်တက်သူအဖို့ အနောက်ကလူက လိုက်မမှီနိုင်ဟု ထင်ခဲ့မိသည်။"ဟေး...ဟေ့..."
အနောက်က အမောတကောမိန်းကလေးသံမို့ ခမ်းယံပြေးနေရင်းလှည့်ကြည့်မိတော့ ကားပေါ်က မိန်းကလေး။ ထိုအခါမှ ပြေးနေတာကို ရပ်ကာ အမောဖြေရင်း စောင့်နေလိုက်သည်။
လင်းစက်ရောင်တစ်ယောက် အသဲကွဲနေလို့သာ ရုတ်တရတ် ခရီးထွက်လာရသည်။ ဘားအံက သူငယ်ချင်းအားကိုးနဲ့ ဟော်တယ်လဲ ကြိုဘွတ်ကင်မလုပ်ထားရ။ ကားဂိတ်ရောက်မှ ဖုန်းလှမ်းဆက်တော့ တီးတိန်မှာ တာဝန်ကျလို့သွားရသတဲ့။ မပြောမဆို ရောက်လာသူက ကိုမို့ သူ့ကိုလဲ အပစ်တင်လို့မရ။ ထို့ကြောင့် ကားဂိတ်မှာ ယောင်လည်လည်ဖြစ်နေတုန်း စားသောက်ဆိုင်မှာ အတူထိုင်ခဲ့သော တိုင်းရင်းသူနောက် ခပ်ခွာခွာလိုက်ခဲ့ခြင်း။ ထို့နောက် သူမက ဘာမပြောညာမပြောထပြေးသဖြင့် သူမလဲ ပြေးလိုက်ရသည်။ တော်တော်တော့ အပြေးသန်သည်။ တော်သေးတာပေါ့။ သူမကိုမှီလို့။
YOU ARE READING
For you
Romanceအချစ်က ရယူခြင်းပဲ... လင်းစက်ရောင် အတ္တကို အချစ်လို့ အရောင်မဆိုးစမ်းနဲ့... စိမ်းမြမြ