အလင်း နိုးလာတော့ ဘေးကမချောကအိပ်ကောင်းတုန်းပင်။ ဘာအဖုအပိမ့်မှမရှိသော တိုင်းရင်းသူမျက်နှာလှလှလေးက လှပအေးချမ်းပေမဲ့ အလင်းရင်ထဲတော့ အပူမီးတွေများလှသဖြင့် မတိုးပေါက်နိုင်ပေ။ သက်ပြင်းတစ်ချက် အသာချကာ နဖူးပေါ်လက်တင်၍ တောင်စဉ်ရေမရ တွေးတောနေမိသည်။
"ဟင်း...."
သက်ပြင်းချသံ ကျယ်သွားလို့လားမသိ။ ဘေးနားက လှုပ်စိလှုပ်စိဖြစ်လာကာ နိုးသွားကာ အပျင်းကျောဆန့်နေသော ကောင်မလေး။
"ဘယ်နနာရီထိုးပြီလဲ..."
လက်မှနာရီကို အသာပင့်ကြည့်ရင်း
"အင်း....8နာရီထိုးပြီ...."
" ဝါးးး.. 😩....အစောကြီး... "
အိပ်ယာမှ ထကာ ရေချိုးခန်းထဲ ဝင်သွားသော သူမနောက်ကို အလင်းလိုက်သွားမိသည်။ ရေချိုးခန်းရောက်တော့မှ သူမပါလာတာကို သိပြီး
"နင်ရော ရေချိုးမလို့လား..."
"အမ်...ငါ ငါ နင်ပြီးမှ ချိုးတော့မယ်လေ..."
"အမ်း...တူတူချိုးချင်လဲ ရတယ်နော် ဟိဟိ..."
အလင်းမျက်နှာတွေပူထူကာ အမြန်ထွက်လာရသည်။ ဘယ်လိုမိန်းကလေးလဲ ဟ။ တစ်စိမ်းလူကို အဲ့လိုပြောစရာလား...။
နန်းခမ်းယံတစ်ယောက် မျက်နှာနီရဲကာ ကျားလိုက်သလို ထွက်ပြေးသွားသော ထိုကောင်မလေးကိုကြည့်ကာ တစ်ခိခိရယ်နေမိသည်။ ဘယ်လိုခလေးလဲ မသိဘူးကွာ။ ဆွဲစားလိုက်ရ။
အမှန်ပင်။ ခမ်းယံဆိုသည်မှာ မိန်းကလေးချင်းသာ ချစ်တတ်သူတစ်ဦး။ခေတ်အခေါ် လတ်(စ်)ဘီယန်။ လက်ရှိရည်းစားက အခြားဟာမနောက်ပါသွားသဖြင့် အသဲကွဲကာ ထင်ရာစိုင်းနေသည်ကို အဘက မကြည့်ရက်သဖြင့် မွေးစားအမေဆီသို့ လက်လွဲလိုက်ခြင်း။ ဘာဖြစ်လဲ ကရင်မအချောတွေ တစ်ပုံကြီး၊ ရန်ကုန်မှာမရရင် ဒီမှာ ပေါ့။
ပြောရမယ်ဆို ခဏကကောင်မလေးလဲ မဆိုးပါဘူး။ အဟက်ဟက်ခမ်းယံချိုးပြီးတော့ သူမလဲ အမြန်ဝင်ချိုးလိုက်သည်။ နှစ်ယောက်သား မနက်စာစားပြီးတော့ အလုပ်လဲမရှိသဖြင့် အိပ်ယာထဲ ပြန်ဝင်ခွေနေကြသည်။ ခမ်းယံကတော့ သူဘားအံရောက်နေကြောင်း facebookပေါ် staus တင်လိုက်တော့ ဘားအံက gay မမများက messagerမှာ အပြင်မှာတွေ့ရန် ချိန်းနေကြသည်။ သူမလဲ အကုန်လက်ခံလိုက်ပြီး အပြင်ထွက်ဖို့လုပ်တော့ ဘေးက မြို့ကြီး သူကို သတိရမိသည်။
YOU ARE READING
For you
Romanceအချစ်က ရယူခြင်းပဲ... လင်းစက်ရောင် အတ္တကို အချစ်လို့ အရောင်မဆိုးစမ်းနဲ့... စိမ်းမြမြ