ဒီတိုင်း ခံစားချက်တစ်ချို့ကို ဖယ်ကြည့်လိုက်ရင်
ဘာမှမရှိတော့သလိုပဲ
တစ်ချိန်ကျရင် အရာရာဟာပီးဆုံးသွားမှာလား...
သူနဲ့ကိုယ်ဟာ အစတည်းက အဝေးဆုံးမှာပဲ...
ထပ်ပီးဆုံစည်းကြဖို့ မဖြစ်နိုင်တော့ဘူး
အဝေးဆုံးကို ထွက်ပြေးဖို့ ကြိုးစားပြီးပြေးနေပေမယ့်
စက်ဝိုင်းကြီးလို ဒီနေရာပဲပြန်ပြန်ရောက်နေတယ်
ဒီထက်ပိုလွတ်မြောက်ဖို့ မကြိုးစားချင်တော့တာလား
ဝေးကွာသွားမှာစိုးလို့ နာကျင်နေပေမယ့် နွယ်ပင်တွေလို ချည်နှောင်ခြင်းကို ကိုယ်တိုင်ပဲခံယူနေမိတာလားမသိတော့ဘူး.......
နှလုံးသားတစ်ခုလုံး စူးနစ်နေလောက်အောင်ပဲ
နာကျင်မှုဟာ ခံစားဖူးတဲ့သူပဲနားလည်နိုင်တယ်။For my brownie 🤎
YOU ARE READING
For My Brownie Heart
Short Storyခင်ဗျားကြောင့်ဖြစ်ရတဲ့ခံစားချက်အပိုင်းအစလေးတွေပေါ့🤎