အရမ်း လွမ်းနေပေမယ့် ထုတ်ပြောခွင့်မရှိဘူး
ဂရုစိုက်နော်လို့ပဲပြောနိုင်တယ်
ခင်ဗျားနဲ့ပတ်သက်ရင် ကိုယ်တိုင်လုပ်ပေးခွင့်မရှိဘူး။ကျနော့်ရဲ့အရာအားလုံးက ခင်ဗျားပါဗျာ
ခင်ဗျားဘက်ကအစိတ်ပိုင်းသေးသေးလေးတစ်ခုလောက်ပဲဖြစ်ချင်မိတာ ကျနော် အတ္တကြီးသွားလားဗျာ
ဘာလို့လဲ ဆိုတာကလွဲပြီး ဘာမှမတတ်နိုင်ဘူး
ဘယ်အရာကမှားနေလို့လဲ ကျနော်ကပဲ မထိုက်တန်တာလား တစ်ခုတည်းသောကြိုးလေးဖြစ်တဲ့ခင်ဗျားကိုပဲ ဖက်တွယ်ထားမိတာက မှားနေတာလားဗျာ။ဘာဆက်လုပ်ရမှာလဲ.....
ရုန်းလေ နစ်လေ ပဲပေါ့ဗျာ
ခင်ဗျား ဆိုတဲ့ သိပ်လှပလွန်းတဲ့ နွန်ကြီးထဲမှာနစ်နေတာ
ဒီတစ်သက်ရုန်းထွက်နိုင်ပါဦးမလားဗျာ
ဘာပဲဖြစ်ဖြစ် ခင်ဗျားပျော်နေတာမြင်ရရင်
ကျေနပ်ပါပီဗျာ ကျနော့်အတွက်တော့မငဲ့ပါနဲ့
ဒီလူသားဟာ ခင်ဗျားအတွက်မို့ ...
စကတည်းက အဆုံးထိတွေးထားခဲ့တာပါ
မျှော်လင့်ထားတဲ့ အဆုံးသတ်လေးတော့ဖြစ်လာမယ်မထင်တော့ဘူး။
ဘာပဲဖြစ်နေနေ ကျနော့်ရဲ့ အညိုရောင်လေးအတွက်
ကျနော် အမြဲရှိနေပါ့မယ်ဗျာ။For my brownie🤎
YOU ARE READING
For My Brownie Heart
Kısa Hikayeခင်ဗျားကြောင့်ဖြစ်ရတဲ့ခံစားချက်အပိုင်းအစလေးတွေပေါ့🤎