Cof ☕️
coffee တွေဖျော်လိုက် အေးစက်သွားလိုက်နဲ့ နေ့တွေညတွေဖြတ်သန်းလာတာ ကြာခဲ့ပြီ။
coffee တွေမသောက်ထားပါပဲ အိပ်မပျော်နိုင်တဲ့ညတွေမှာ အတွေးတွေထဲ မင်းကနေရာယူနေဆဲပဲ ကလေးငယ်။
ခါးသက်နေတဲ့အရသာကလွဲ ဘာမှမရှိတဲ့ Americano တွေကို အစ်မကဘာလို့ဒီလောက်ကြိုက်ရတာလဲ အဲ့ဒီ့အစား Hot chocolate ပူပူလေးသောက်ပါလားလို့ ဆိုတဲ့ မင်းရဲ့အသံဆာဆာလေးကို အရမ်းပဲလွမ်းနေမိတယ်။ အခုတော့ခါးသက်ရဲ့အရသာတွေက ကိုယ့်အတွက်နေသားမကျတော့ဘူး။ မင်းကတော့ အနားမှာမရှိတော့ဘူး။
မဖြစ်မနေဆို Latte ကို နို့ပိုထည့်ပီးသောက်တတ်တဲ့မင်းနဲ့ ခါးသက်နေတဲ့ Americano တွေကိုမှကြိုက်တဲ့ ကိုယ်တို့က ဘယ်ကတည်းက စလွဲနေခဲ့တာလဲ။ ပြန်တွေးကြည့်လဲ အဖြေတွေဟာရှာမတွေ့ခဲ့ဘူး။ဘာအကြောင်းမှရေရေရာရာမရှိပါပဲ ဒီတိုင်းဝေးသွားကြတာလား။ ဘာကြောင့်လဲဆိုတော့ ဖြေရှင်းချက်လေးတော့ လိုချင်မိတယ်။
ခြောက်ကပ်နေတဲ့ ညတွေမှာ တစ်ယောက်ထဲအတွေးများနေခဲ့တယ်။ မနက်တိုင်း အနားမှာမင်းမရှိဘူးဆိုတဲ့အသိနဲ့ နိုးထရတာပင်ပန်းတယ်။ ရှေ့ဆက်ဖို့ခက်ခဲပေမယ့် ကိုယ့်နှလုံးသားထဲမှာ မင်းဟာရှင်သန်နေဆဲမို့ အားတင်းပြီးကြိုးစားရှင်သန်နေမှာပါ။ coffee တွေလျော့သောက်ပါလို့ပြောတဲ့ မင်းကိုတော့ coffee တွေဖျော်တိုင်း သတိရနေမယ် ကိုယ့်ရဲ့ကလေးငယ်။
For My Brownie 🤎
YOU ARE READING
For My Brownie Heart
Short Storyခင်ဗျားကြောင့်ဖြစ်ရတဲ့ခံစားချက်အပိုင်းအစလေးတွေပေါ့🤎