🤎- 4

299 14 0
                                    

ကိုယ်သာဆွဲမထားရင် လွတ်ထွက်သွားမယ့်
ကြိုးလေးတစ်မျှင်ပဲ
အဲ့ဒီချည်မျှင်လေးက ဘယ်ထိခံနိုင်ပါ့မလဲ
ပြတ်သွားတဲ့တစ်နေ့ ဘယ်လိုအစပြန်ရှာရမလဲ
အဲ့ဒီနေ့အတွက် ခံနိုင်ရည်မရှိသေးဘူး ...

ကိုယ်ပဲမှားခဲ့တာ သတ္တိမရှိခဲ့လို့ ကိုယ့်ကြောင့်မင်းထပ်ပြီးနာကျင်ရမှာကြောက်ခဲ့မိလို့
မင်းကို အရမ်းချစ်မိပြီလို့ သိတဲ့ အချိန်က နောက်ကျခဲ့လို့ စေတနာအမှားတွေပဲထပ်နေခဲ့တာပါ
မင်းကိုချစ်မိတာတော့မမှားခဲ့ဘူး ...

နောင်တရတယ် ချစ်နေတဲ့အကြောင်းကိုတဇွတ်ထိုးမဖော်ပြခဲ့မိလို့ မင်းကို ဆုံးရှုံးလိုက်ရတာ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးနောင်တပဲ ...

ခုမှတော့ ပြန်ပြင်လို့မရတော့ဘူးမလား
ကိုယ်စောင့်နေခွင့်ရောရှိသေးရဲ့လား
မနက်နိုးလာပီး ညအိပ်တဲ့အထိ ကိုယ့်ရဲ့အရာရာဟာ
မင်းဆိုတဲ့ စိတ်နဲ့ ရှင်သန်နေမိတယ်
ဒီလိုမျိုး နာကြင်နေရတာတောင်မှ
မင်းကိုမျှော်လင့်နေမိသေးတယ်

သိလား...သိရဲ့လား
ဒီလူသားဟာ မင်းအတွက်လို့ ခံယူနေမိတုန်းပဲ...။

For my brownie 🤎

For My Brownie Heart Where stories live. Discover now