🤎 - 6

297 20 3
                                    


လွမ်းတယ် ကလေးရယ်....
ဒါပေမယ့် တို့ မှာ ပြောပိုင်ခွင့်မရှိဘူး ..
တကယ်တော့ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်
ဖြစ်သွားပီပဲ ဒါတွေပြောနေလဲ အပိုပဲဖြစ်တော့မယ်။

ဘယ်လိုအကြောင်းကြောင်းတွေကြောင့်
တို့နှစ်ယောက်ဝေးသွားခဲ့ကြတာလဲ
စဉ်းစားမိတိုင်း အဖြေရှာမတွေ့ဘူး...
အမြဲတမ်းအလုပ်ရှုပ်နေတတ်တဲ့ တို့ရဲ့အမှားတွေပဲလား...

မမကအမြဲ အလုပ်ရှုပ်နေလို့...
မမကအမြဲ အချိန်မပေးလို့...
မမကအမြဲသူ့ကိုဆို နောက်မှာပဲထားလို့...
မမက ဂရုစိုက်မပေးလို့........
အဲ့ဒါတွေပဲမြင့်ခဲ့တာလား
တို့ရဲ့အချစ်တွေကိုရော
မြင်အောင်မကြည့်ခဲ့တာလား ကလေးရေ...
ကိုယ်ရဲ့ဖြစ်တည်သမျှဟာ မင်းပါ
အသေးစိတ်လေးတွေကအစ
စိတ်ပူနေတတ်ခဲ့တာတွေရော သိရဲ့လား
မမကအမြဲတွေးပူနေတာပဲလို့
ချုပ်ချယ်တယ်ပဲမြင်ခဲ့တာလားကွယ်
စကားတွေနဲ့ပြောပြမနေပေမယ့်
မင်းသိမယ်ထင်ခဲ့တာ
ကိုယ့်ဘက်မှာအမြဲရှိနေမယ်ထင်ခဲ့တာ
ချစ်လားလို့မမေးခဲ့ဘဲ ချစ်နေမယ်လို့ ယုံကြည်ထားခဲ့မိတာ ...နောင်တတွေပဲပြန်ရခဲ့တယ်။

အခုထိသေးသေးလေးတိုက်ဆိုင်နေရုံနဲ့ ဘယ်အရာမဆို သတိတရရှိနေတုန်းပဲ။
အခုတော့ အဆင်ပြေနေတယ်မလား ...
တို့နဲ့အဝေးကိုထွက်သွားပီးမှ
သေချာပေါက်ပျော်ရွှင်နေမယ်လား ...

သတင်းတွေကြားပါတယ်
အခုတစ်ယောက်နဲ့အတည်တွဲနေပီတဲ့လား
ကောင်မလေးကိုအမှတ်တမေ့တွေ့မိတယ် ...
အရပ်ရှည်ရှည် သွယ်သွယ်ကလေးဆိုပေမယ့်
ပါးဖောင်းဖောင်းလေးတွေရှိတယ်
ကောင်မလေးက ချစ်စရာလေးပဲ
လိုက်ဖက်ပါတယ် မင်းပျော်နေရင် ပြီးတာပဲ
ကျန်တာမတွေးတော့ဘူး ...
တိုက်ဆိုက်မှုရှိရင်တော့ တို့ကိုတစ်ခေါက်လောက်ဖြစ်ဖြစ်သတိရပေးမယ်မလား...
ထပ်မဆုံဖြစ်တော့ဘူးဆိုပေမယ့် အခုထိအဝေးကနေ
အရိပ်တကြည့်ကြည့်ဖြစ်နေတုန်းပဲ...
ကိုယ့်ဘဝက ရုန်းလေနစ်လေနဲ့ မလွတ်မြောက်နိုင်တော့တဲ့ နွံကြီးထဲရောက်နေတာပဲ
လွတ်မြောက်ဖို့ရော မကြိုးစားချင်တော့ဘူး

သိပ်ချစ်ခဲ့တာတွေ တစ်ခေါက်လောက်ပဲဖြစ်ဖြစ်
မင်းသိဖို့ ပြောပြချင်သေးတယ်
ဒါဟာကိုယ့်ရဲ့ တစ်ခုတည်းသော ဆုတောင်းလေးပါ။

For My Brownie 🤎

You've reached the end of published parts.

⏰ Last updated: Sep 17, 2021 ⏰

Add this story to your Library to get notified about new parts!

For My Brownie Heart Where stories live. Discover now