"ကိုကိုရေ၊ ညစာစားလို့ရပြီ"
"ဟင်၊ ကလေးကိုယ်တိုင်ချက်ထားတာလား၊ အပူတွေလောင်ကုန်မှဖြင့်၊ နောက်ဆို ဘာမှမလုပ်နဲ့ကြားလား"
"ဟာ ကိုကိုရယ်စားစရာရှိတာသာ စားစမ်းပါ။ လာကလေးကကိုယ်ကိုယ်ကြိုက်တာတွေချက်ထားပေးတယ်"
"အင်းနောက်မလုပ်ရဘူးနော်ကြားလား"
"ဟုတ်၊ လာစားရအောင်၊ ကလေးဗိုက်ဆာနေပြီ"
"အင်း စားကြမယ်ပြီးရင်၊ ကိုကို ကလေးကိုပြန်လိုက်ပို့ပေးမယ်"
"အင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*Yoona💋*
"ကလေး ခဏလေးနော်၊ စားထားနှင့်"
"ဟုတ်ကဲ့"
"Hello၊ Yoonaပြောလေ"
"........."
"အော်အခုလား အင်း အင်း"
".........."
"အင်းပါ"
"ကိုကို!"
"ကျွန်တော်ပြန်နှင့်တော့မယ်"
"အင်း ကိုယ်လိုက်မပို့တော့ဘူးနော် အလုပ်ရှိသေးလို့"
"အင်း"
ကျွန်တော်သိတာပေါ့ ကိုကို့မှာတခြားကောင်မလေးတွေအများကြီးရှိတယ်ဆိုတာ။အနည်းဆုံးတော့သူတို့ ရှိနေတာကိုပဲသိချင်တယ် သူတို့နဲ့မဆုံချင်ဘူး။ သူတို့ကြောင့်ကိုကိုပြုံးနေတာကိုတွေ့ရင် ကျွန်တော်ရင်နာလွန်းလို့။
တစ်ယောက်တည်း ကားငှားပြီးပြန်မယ်လုပ်တော့ ပိုက်ဆံအိတ်ပါမလာဘူး။ ကိုကို့အိမ်မှာကျန်ခဲ့တာထင်ပါရဲ့။ သွားမယူဖို့လုပ်ပေမယ့် မဖြစ်ဘူးလေ ဖုန်းပါကျန်ခဲ့တော့။ နောက်တစ်ခါကိုကို့အိမ်ကိုပြန်လာခဲ့ရတယ်။
လမ်းလျှောက်ရတာညောင်းနေပြီ။ ကိုကို့အိမ်နဲ့ ကားငှားလို့ရတဲ့နေရာနဲ့က အဝေးကြီးရယ်။
နောက်ထပ် 15မိနစ်လောက်လမ်းလျှောက်မှရောက်လာတဲ့ကိုကိုအိမ်။ ရောက်လာတာနဲ့ရက်ထဲစို့နစ်သွားသည်။ တံခါးအဝင်ဝနားမှာချွတ်ထားတဲ့ မိန်းမစီးဒေါက်မြင့် ဖိနပ်တစ်ရံ။ တံခါးကိုမသိမသာလေးဖွင့်ကြည့်တော့ သွေးပျက်စရာမြင်ကွင်း။ ငိုချင်လာသည် မျက်ရည်တွေလည်းဝဲနေပြီး။ နာရီဝက်လောက်လမ်းလျှောက်လာရတာ လူကအရမ်းပင်ပန်းနေပြီ။ Soekjinတံခါးကိုနာနာခေါက်လိုက်သည်။ အထဲကနေ အသံပေါင်းစုံကြားနေရပေမယ့် မကြားချင်ယောင်ဆောင်နေလိုက်သည်။
YOU ARE READING
To First love [ Complete]
Fanfictionအချိန်တွေကြာသွားတော့ ကိုကိုကျွန်တော့်ကိုမေ့သွားတယ်မှတ်လား? ကတိတွေအထပ်ထပ်ပေးပြီးအခုမေ့သွားတယ်မှတ်လား? လွမ်းနေခဲ့တာ? ကိုကိုမသိဘူးမှတ်မလား ကိုကိုကျွန်ဝော့်ကိုပြစ်ထားတယ်ပကျင့်မကောင်းဘူး