"ကိုကို၊ ပြန်ရအောင်၊ "
"ပြန်တော့မို့လားအစောကြီးပဲရှိသေးတယ်"
"Shookyက သူ့ဘဲဆိုသွားမို့တဲ့၊ ကလေးတို့လည်းပြန်ရအောင်"
"သဘောပါ ဗျာ့ ကိုကို့ရဲ့ကလေးလာပါဦး၊ နှာခေါင်းကိုရဲနေတာပဲ"
"မနီပါဘူး ကိုကိုပေါက်ကရတွေပြောပြီး"
"အဟမ်း မင်းတို့ကို အိမ်ထဲမှာသော့ခတ်ပြီးထားခဲ့ရမလား"
ချစ်ရတဲ့ Jimin လေးကရှားရှားပါးပါးအကူအညီလှမ်းတောင်းလို့ မျက်နှာကောင်းရရေး ကိုMin Yoongiတို့လက်လွှတ်ခံလို့မဖြစ်။ အလျှင်လိုနေပါတယ်ဆိုမှ အိမ်ထဲမှာချစ်ကြည်နူး တစ်တီတူးနေကြတဲ့ အတွဲကိုမစောင့်နိုင်တာကြောင့် ကန့်လန့်တိုက်ပြီးပြောမိသည်။
"လာပါပြီ Shooky ရယ်တကယ်ပါပဲ"
".........."ဘာမှမပြန်ပြောပဲမျက်စောင်းတစ်ချက်သာထိုးပြပြီး ထွက်လာခဲ့သည်။
ကျွန်တော်နဲ့ကိုကို အဲ့နောက်ပိုင်း အရင်လိုမတွေ့ဖြစ်တော့ဘူး။ ကိုကိုက Uniကိုမလာတော့ဘူး။ ကိုကို့နေရာမှာတခြားဆရာမတစ်ယောက်ရောက်လာတယ်။ ဖုန်းတော့အမြဲတမ်းပြောဖြစ်ပေမယ့်။ ကိုကို့ကို ကျွန်တော်သိပ်မတွေ့ရတော့ဘူး။ကိုကိုအလုပ်တွေရှုပ်နေတာပါ။ တစ်ယောက်တည်း ဖြစ်နေတော့တကယ်ပျင်းပါသည်။ သို့သော်အရင်ကလည်းတစ်ယောက်တည်းနေနေကျဆိုတော့ ကျွန်တော့်အတွက်ပြဿနာမရှိပါ။ တဖြည်းဖြည်းကျွန်တော့်မွေးနေ့ နားနီးလာခဲ့ပါတယ်။ ကိုကိုကတော့အဲ့နေ့ကြ အိမ်ကိုလာခဲ့ဖို့ပြောပါသည်။ သေချာပေါက် တစ်ခုခုပေးဖို့ရှိပုံရတယ်။ ကျွန်တော်ကိုကိုနဲ့မတွေ့ရပေမယ့်ကိုကို ပေးမယ့်ကျွန်တော့်မွေးနေ့လက်ဆောင် ကျွန်တော့်လက်သန်းကြွယ်မှာစွပ်ပေးမယ့်လက်စွတ်လေး အကြောင်းတွေးရင်းပျော်နေမိသည်။
ကိုကိုရေလွမ်းတယ်။ မနက်မိုးလင်ရင် လာနိုးနေကြကိုကို့ကို မတွေ့ပါ။ မနက်ဆိုကျောင်းရောက်ခါနီးတိုင်း နုဖူးနုနုလေးကို အနမ်းခြွေနေကြ ကိုကို့နှုတ်ခမ်းနုနုလေး အနားမှာမရှိပါ။ ကောက်ကွေးကွေး လက်တစ်စုံကို ခပ်နွေးနွေးလေးကိုင်ပေးမယ့် ကိုကို့ လက်တစ်စုံရှိမနေပါ။ ဒီနေ့ကျွန်တော့်မွေးနေ့ပါ။ ပထမဆုံးမွေးနေ့ဆုတောင်းကို ကိုကို့ဆီကမျှော်ခဲ့ပေမယ့် ကိုကို့ဆီကမရခဲ့ပါ။
YOU ARE READING
To First love [ Complete]
Fanfictionအချိန်တွေကြာသွားတော့ ကိုကိုကျွန်တော့်ကိုမေ့သွားတယ်မှတ်လား? ကတိတွေအထပ်ထပ်ပေးပြီးအခုမေ့သွားတယ်မှတ်လား? လွမ်းနေခဲ့တာ? ကိုကိုမသိဘူးမှတ်မလား ကိုကိုကျွန်ဝော့်ကိုပြစ်ထားတယ်ပကျင့်မကောင်းဘူး