"ကလေးရေ"
"ဗျာ! လာပြီးခဏလေး"
"ဘာတွေကြာနေတာလည်းကလေးရာ"
"ဘာမှမဟုတ်ဘူး ဒီလိုပဲ"
"လာနောက်ကျတော့မယ်"
"အင်းပါ၊ ခဏလေးပဲအဝတ်လှမ်းချင်လို့"
"ထားခဲ့တော့၊ လာကိုကို့ဘာသာလှမ်းမယ်"
"ရုပ်ရှင်မမှီပဲနေလိမ့်မယ်"
"အင်းပါ"
ဒီနေ့အတန်းချိန်ပြီးတော့ ကိုကိုကလျှောက်လည်ဖို့ပြောသည်။ ပုံမှန်ဆို ဒီအချိန်မှာကိုကိုဆီမှာကျွန်တော်က အလုပ်သမားတစ်ယောက်မှတ်လား။ အလုပ်ချိန်ပြီးမှာ ကိုကို့ရဲ့ကလေးဆိုတော့၊ ဒီအချိန်ကိုကိုပြောသမျှခေါင်းငြိမ့်တတ်လေ့ရှိသည်။
"ကလေး"
"ဗျာ"
"နေမကောင်းဘူးလား၊ မျက်နှာကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ"
"ဟင် ကောင်းပါတယ်"
"အင်းလာ သွားကြမယ်"
တစ်နေကုန်ကိုကိုကလျှောက်သွားနေသည်။ ရုပ်ရှင်ကြည့်သည်။ အရင်က ကစားကွင်းသွားချင်တယ် ပြောဖူးတော့ကစားကွင်း လိုက်ပို့တယ်။ ဟိုရောက်တော့လည်း မဆော့ပါဘူး ဟိုကြည့်ဒီငေးနဲ့ ပြန်လာကြတယ်။ ဒီနေ့ကိုကိုကပျော်နေတဲ့ပုံရယ်။ ကိုကို့ပါးချိုင့်ကြီးကိုထင်းနေရော။ ဓာတ်ပုံတွေလည်းစိတ်လိုလက်ရရိုက်သေးတယ်။ ကိုကိုတော်တော်ပျော်နေတဲ့ပုံပဲ။ ဘာများပျော်စရာရှိလို့လည်းမသိဘူး။ သိချင်လိုက်တာ။
"ကလေးနေမကောင်းဘူးလား?"
"ဗျာကောင်းပါတယ်"
"ကလေးကြည့်ရတာငူငူငိုင်ငိုင်နဲ့"
"အင်းဒီလိုပါပဲ"
ကလေးဘာဖြစ်နေတာလည်းတကယ်မသိဘူး။ ဟိုတစ်လောက်အိမ်ကိုမူးပြီးပြန်လာတည်းက ကလေးဘာဖြစ်နေမှန်းကိုမသိဘူး။သူပျော်အောင်လို့ဒီနေ့အပြက်လိုက်ပို့တော့လည်း ငူငူငိုင်ငိုင်နဲ့။ တစ်ခုခုများဖြစ်နေတာလား။ နေမကောင်းလို့လား။ စာများမလိုက်နိုင်လို့လား။
"ဟင်း!"Namjoonသက်ပြင်းတစ်ချက်ပြီး ခန္ဓာကိုယ်ထဲမှာရှိသမျှလေပူတွေအကုန်မှုတ်ထုတ်လိုက်သည်။
"ကိုကို! ဘာတွေစိတ်ရှုပ်နေတာလည်းဟင် ကျွန်တော့်ကြောင့်ကိုကို့ရဲ့အပျော်တွေ ပျက်စီးသွားလား? တောင်းပန်ပါတယ်"
Namjoonမနေနိုင်တဲ့အဆုံး ကားကိုလမ်းဘေးချရပ်ပြီး ဘေးနားက မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတဲ့ ကလေးရဲ့ နှုတ်ခမ်းထူထူလေးတွေကိုစုပ်ယူမိသည်။အနည်းငယ်အသက်ရှုကျပ်လာ သယောင်ရှိမှလွှတ်ပေးလိုက်သည်။
"ကလေး ဘာဖြစ်နေတာလည်း နေမကောင်းဘူးလား?"
"ကောင်းပါတယ်၊ ဒီအတိုင်းကိုကိုကျွန်တော့်ကြောင့်စိတ်ရှုပ်သွားမှာ မလိုလားလို့ပါ"
Namjoonဘေးနားကအကောက်ငယ်လေးကို ရင်ခွင်ထဲထွေးပွေ့ထားမိသည်။
"ကလေး ဘာလုပ်ချင်လည်း။"
"အိပ်ပြန်ပြီးအိပ်ချင်တယ်၊ ကိုကို့နားမှာ ခဏလောက်ဖြစ်ဖြစ်အိပ်ချင်တယ်၊ အခုတောင် ကိုကို့ရင်ဘက်ကြီးက နေလို့ကောင်းတယ်"
"အင်းလာ ကိုကိုတို့ ကလေးရဲ့အိမ်ကိုပြန်ရအောင်"
"အင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
"Shooky! Rjမလာတော့ဘူးလား"
"ဟုတ်သူ့ရည်းစားကမလွှတ်ဘူး အဲ့တာကြောင့်"
"အော်အေး"
Soekjin အလုပ်မဆင်းတာ ကြာနေပြီလေ။ သူအလုပ်မဆင်းထဲက မတွေ့ဖြစ်တာ တစ်လလောက်တောင်ရှိပြီ။ ဘယ်တွေပျောက်နေလည်း အဆင်မှပြေရဲ့လားမသိဘူး။ Hyunjinနဲ့တော့ တွေ့ဖြစ်ပေမယ့် Soekjinကိုတွေ့ခွင့်မရပေ။ ကျောင်းမှာလည်း သူ့ဘဲကြီးက နေရာတကာ ရှိနေသည်။ အိမ်ပြန်လာတော့လည်း နောက်ကျတာကြောင့် Yoongiမစောင့်နိုင်။
*တီ~တီ~*
'Shooky နေကောင်းလား'
Yoongi ချင်ချင်းReplyပြန်လိုက်သည်။
'ဘယ်တွေရောက်၊ အိမ်လာလည်ဦး တိုင်ပင်စရာတွေရှိတယ်'
'အင်း မနက်ဖြန် ကိုကိုနဲ့လာခဲ့မယ်'
'အေး'
'Bbနော် နားတော့မယ်'
'အင်း'
Yoongi Soekjinကိုစိတ်ပူသည်။ အပြင်ပိုင်းကတော့ ယောင်္ကျားလေးပြီသပေမယ့် စိတ်ထားအလွန်နူးညံ့တာမို့ ပိုစိုးရိမ်မိသည်။ အထူးသဖြင့် အရေးကြီးတဲ့Jiminကိစ္စ ကိုတိုင်ပင်ရန်သာဖြစ်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုသွားတာသိတယ်။ မအားလို့နောက်ကြမှရှည်မယ်။
YOU ARE READING
To First love [ Complete]
Fanfictionအချိန်တွေကြာသွားတော့ ကိုကိုကျွန်တော့်ကိုမေ့သွားတယ်မှတ်လား? ကတိတွေအထပ်ထပ်ပေးပြီးအခုမေ့သွားတယ်မှတ်လား? လွမ်းနေခဲ့တာ? ကိုကိုမသိဘူးမှတ်မလား ကိုကိုကျွန်ဝော့်ကိုပြစ်ထားတယ်ပကျင့်မကောင်းဘူး