"ကလေးကကိုကိုနဲ့ မချစ်ချင်ဘူးလား"
"အယ်၊ ဟို ဟိုဟာလေ"
"Baby ဝေ့လည်ကြောင်ကတိလုပ်မနေနဲ့၊ ပြောစရာရှိတာသာပြော"
"အင်း ကိုကိုရာ ကိုကို့သဘော၊ ကိုကို့ကို ကလေးဘယ်အချိန်တုန်းကများ ငြင်းလို့ရခဲ့ဖူးလို့လည်း"
"ဟီး၊ ဒါမှကိုယ့်Babyလေး။ ကိုယ်နဲ့လက်ထပ်ပါလား"
သိပ်မကြာခင်မှာပဲ ကျွန်တော့်လက်သန်းကြွယ်မှာ ကျွန်တော့်ရဲ့မွေးနေ့လက်ဆောင် စိန်လက်စွပ်လေး။ ကိုကို ကိုယ်တိုင်စွပ်ပေးခဲ့တာမို့ ကျွန်တော့်ဘဝမှာအဖိုးတန်ဆုံး။ ကိုကိုတော့ကျွန်တော့်ကိုဒီနေ့နောက်ထပ်ဘာတွေ အံ့ဩအောင်လုပ်ဦးမလည်းမသိဘူး။
"လာကလေး ထမင်းစားရအောင်"
ညစာစားပြီရင် ကိုကိုနဲ့ ပထမဆုံးအကြိမ် တူတူတစ်သားတည်းနေရမည်ဖြစ်တော့ ထမင်းပင်စားမဝင်အောင် ရင်ခုန်မိသည်။ ကိုကိုသည် အသံတစ်ခုတည်းနဲ့တင်သူ့ကိုထိန်းချုပ်နိုင်ပါသည်။ အကိုကိုရပ်လိုက်ဆိုရင် ကျွန်တော်လှုပ်တောင်မလှုပ်ပါ။ အဲ့လောက်ထိကိုကိုက ကျွန်တော့်ပေါ်ဩဇာသက်ရောက်တာမို့ ကျွန်တော်ကိုကို့ရဲ့ စကားကိုမညင်းဆန်ခဲ့ပါ။ ကျွန်တော့်ရဲ့ပထမဆုံးတွေအကုန်လုံးက ကိုကိုနဲ့ပါပဲ။ ပထမဆုံးအနမ်းက ကိုကို ထွက်မသွားခင်က။ အခုအသက်18 နှစ်ပြည့်တာ တစ်ရက်တောင်မစွန်းသေးပဲ။ ပထမဆုံးအကြိမ် ကိုကိုနဲ့ ဆက်ဆံရဦးမယ်။ ကိုကိုကကျွန်တော့်ရဲ့အချစ်ဦးဆိုတာထက်ကိုပိုပါတယ်။
ကျွန်တော့်အတွေးပေါင်းများစွာနဲ့ညစာမစားဖြစ်ပါ။ ကိုကိုကလည်း ဧည့်ခန်းထဲမှာထိုင်နေတာမို့ ကျွန်တော်လုပ်စရာမရှိပေ။ သတိရသည်ကပူစက်စက်ကြီးဖြစ်နေသည်။ Decemberလ အစပိုင်းမှာ လူကပူအိုက်နေသလိုခံစားရ၍ ရေချိုးရန်ပြင်လိုက်သည်။
"ကိုကိုကျွန်တော်ရေချိူးဦးမယ်"
"အင်းBaby မကြာစေနဲ့နော်ဖျားဦးမယ်"
"အင်းပါ။ ကိုကိုရော မပူဘူးလား"
"မပူသေးဘူး ခဏနေရင်တော့ချွေးထွက်တော့မယ်ထင်တယ်"
YOU ARE READING
To First love [ Complete]
أدب الهواةအချိန်တွေကြာသွားတော့ ကိုကိုကျွန်တော့်ကိုမေ့သွားတယ်မှတ်လား? ကတိတွေအထပ်ထပ်ပေးပြီးအခုမေ့သွားတယ်မှတ်လား? လွမ်းနေခဲ့တာ? ကိုကိုမသိဘူးမှတ်မလား ကိုကိုကျွန်ဝော့်ကိုပြစ်ထားတယ်ပကျင့်မကောင်းဘူး