အပိုင်း (၁၃)

1.3K 99 56
                                    


Unicode 💖

"Ring....Ring....Ring"

ကျောင်းဆင်းချိန်...

"ကဲ... Chap 4 မှာတင်နားထားမယ် ဒီ​နေ့ အတွက်တော့ဒီလောက်ပါပဲ ပေးထားတဲ့အိမ်စာတွေကိုလဲ သေချာလုပ်ခဲ့ကြနော် Final စာမေးပွဲက နီးနေပြီ"

"Nae...."

တစ်ခန်းလုံးပြိုင်တူ နှုတ်ဆက်ပြီး ကျောင်းဆင်းဖို့စာအုပ်တွေသိမ်းကြတယ်

ကျောင်းလှေကားကနေဆင်းလာတဲ့အချိန် Yoon gi တစ်ယောက် Jungkook ကိုလက်တို့ကာခေါ်လိုက်ပြီး

"ငါတို့ ဒီအပတ်ကျောင်းပိတ်ရက်ကြရင် ရုပ်ရှင်သွားကြည့်မလား"

"အိမ်မှာလဲ ကြည့်လို့ရတာပဲကိုကွာ"

"ဟင်းး အဲ့လိုပေါ့ မင်းက...ငါကမင်းနဲ့ကြည့်ချင်လို့ကို"

"ပြီးရော တကယ်လို့ ငါအားတယ်ဆို မင်းကိုလာခေါ်မယ် ဟုတ်ပြီလား"

"ဟီးးး အာ့ကြောင့်မင်းကိုချစ်နေရတာ"

Jungkook လည်း Yoon gi ပျော်နေတာလေးကိုကြည့်ရင်း သူပါစိတ်ချမ်းသာရသည် ထိုအဖြူကောင်လေးရဲ့ မျက်နှာလေးကိုက ကြည့်ရုံနဲ့တင် အေးချမ်းစရာလေးကို

ကျောင်းကအပြန် ကားပေါ်မှာ ငိုင်တိုင်တိုင်နဲ့တစ်ခုခုကိုစဥ်းစားနေသယောင်နဲ့ Jungkook

Yoongi ကတော့ လွယ်အိတ်ထဲက လက်ကျန်မုန့်လေးတွေကို စားရင်း ပြတင်းပေါက်ကိုအပြင်ကိုငေးကြည့်နေသည်

ခနနေမှ Jungkook ကို စားလက်စ မုန့်လေးထိုးပေးလိုက်တော့ တုန်တက်သွားတဲ့ Jungkook

"ဘာတွေစဥ်းစားနေလို့ ဒီလောက်ငြိမ်နေရတာလဲ"

"ငါလေ..."

ပြောရင်း Yoon gi ရဲ့မျက်လုံးတွေကို စိုက်ကြည့်လာတာမို့ Yoon gi တောင်လန့်သွားသည်

"ငါ Soo Hee ကို သဘောကျနေမိပြီ သေချာနေပြီထင်တယ် ငါအခုတလော နေရင်းထိုင်ရင်း ရင်ခုန်တတ်နေပြီ"

Yoon gi မျက်လုံးလေးတွေဝိုင်းစက်သွားကာ Jungkook အားကြောင်ကြည့်နေမိတယ်

Jungkook ကလည်း Yoon Gi ရဲ့လက်လေးကိုဆွဲကာ သူ့ရင်ဘတ်ပေါ်တင်ပေးလိုက်ကာ

You've reached the end of published parts.

⏰ Last updated: Jun 01, 2021 ⏰

Add this story to your Library to get notified about new parts!

💕 My Perfect Existence Is You 💕 ( Unicode , Zawgyi ) Where stories live. Discover now