အပိုင်း ( ၇ )

743 103 17
                                    


( Unicode ) 💖

Yoon Gi သူ့ အစ်ကို Jin ဆီကနေ ကြားလိုက်ရတဲ့ စကားကြောင့် ချက်ချင်းခေါင်းမော့လာတယ်

Yoon Gi ရဲ့ပအို့လေးမှာ ပန်းနုရောင်လေးဖြတ်ပြေးသွားတာ Jin တွေ့လိုက်ရတော့ ပြုံးလိုက်ပြီး

"ငါထင်သားပဲ မင်းသူ့ကို အဲ့လောက်တွယ်ကပ်နေတာ ချစ်နေတာကလွဲဘာရှိမှာလဲ"

"Hyung.... ကျွန်တော့်ကသူ့ကို သူငယ်ချင်းလိုပဲခင်တာပါ"

"ဒါဆို ဘာကိစ္စ ဒီက ဂါးဂါးလေး မျက်နှာကရဲနေတာလဲ"

Yoon Gi သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်ကြည့်လိုက်မှ တော်တော်ပူနေမှန်း သတိထားမိတယ်

ပြီးတော့မှ Jin ကို အခန်းထဲ ဆွဲသွင်းလိုက်ပြီး
တံခါးပိတ်လိုက်ကာ

"Hyung"

"ပြောလေ"

"ကျွန်တော် လည်းတစ်ခုခုထူးဆန်းနေတယ်ထင်တာပဲ "

Jin မျက်ခုံးတစ်ချက်ပင့်လိုက်ကာ ဆက်ပြောလို့ မေးငေါ့ပြလိုက်တယ်

" သူ့ကို အခြားမိန်းကလေးတွေနဲ့ မပတ်သက်စေချင်ဘူး သူမိန်းကလေးတစ်ယောက်နဲ့ရှိနေတယ်လို့ တွေးရတာကိုက အရမ်းစိတ်အနှောက်ယှက်ဖြစ်တယ် အာ့ကဘာဖြစ်လို့လဲ"

"ပြီးတော့လေ တစ်ခါတစ်လေ သူကျွန်တော့်ကို စာရှင်းပြတဲ့ အချိန်တွေဆို သူ့မျက်နှာကို ကြည့်ရင်းနဲ့ကို အလိုလိုပြုံးမိလာတယ် ဗိုက်ထဲမှာ လိပ်ပြာတွေ ပျံနေသလိုပဲ နေမတတ်ထိုင်မတတ်တွေဖြစ်လာတယ် "

"Ha Ha Ha''

သူ့ကို မျက်လုံးကလယ်ကလယ်နဲ့ ကြည့်နေတဲ့ ဒီညီလေးက အရမ်းချစ်ဖို့ကောင်း သလို အဲ့လို အချစ်ရေးတွေမှာလဲ ဘာမှမသိတဲ့ကလေးလေးလိုပဲ

Yoon Gi ရဲ့ခေါင်းလေးကို ဖွဖွ​လေး ပွတ်လိုက်ပြီး

" Hyung ထင်တယ် မင်းသူ့ကို ချစ်နေမိပြီ"

"................."

Yoon Gi ရဲ့ ပါးလေးတွေက ပိုပြီး ရဲတက်လာတာတော့ Jin ရယ်မိတယ်

"ရင်ဖွင့်စရာရှိရင် Hyung ကိုလာပြောဟုတ်ပြီးလား Hyung Meeting တွေရှိလို့ သွားလိုက်ဦးမယ်"

💕 My Perfect Existence Is You 💕 ( Unicode , Zawgyi ) Where stories live. Discover now