အပိုင်း ( ၅ )

743 105 8
                                    


( Unicode) 💖

Yoon Gi ကျောင်းကနေ အိမ်ပြန်ရောက်တော့ ရေချိုးကိုယ်လက်သန့်စင်ပြီး ညအိပ်ဝတ်အကျီလဲကာ အိမ်အောက်ထပ်သို့ ထမင်းစားရန်ဝင်လာခဲ့လိုက်သည်

အစ်ကိုဖြစ်သူနဲ့ မာမီနဲ့ ဒယ်ဒီကပါ ညစာစားနေကြပြီ

"မာမီတို့ကလည်းသားကိုတောင်မစောင့်ကြဘူး"

"မင်းရေချိုးတာ 15 မိနစ်တောင်ကြာတယ် အာ့ကြောင့်မာမီနဲ့ဒယ်ဒီကို စားနှင့်ကြမယ်လို့ပြော လိုက်တာ"

"ကဲကဲ စကားများမနေနဲ့တော့ လာ Gi Gi ထမင်းလာစားတော့"

"Nae မာမီ"

Jin ကတော့ Yoon Gi ကို စိတ်ရှိလက်ရှိဆူပစ်ချင်တာ ဒါပေမဲ့ မာမီရဲ့ စကားတစ်ခွန်းဆိုတစ်ခွန်းပဲမို့လို့ ငြိမ်နေလိုက်သည်

ဒါတောင် ဟို မလောက်မလေးစား ဒင်းအငယ်ကောင်ကဘေးမှာဝင်ထိုင်ရင်း လျှာထုတ်ကာလာပြောင်ပြနေသေးသည်

"ငါခက်ရင်းနဲ့ထိုးလိုက်ရ"

"Blah Blah"

" ဘယ်လိုတွေဖြစ်နေကြတာလဲ Seok Jin လူကြီးဖြစ်နေပြီ တည်ငြိမ်စမ်း
ဟိုအငယ်ကောင် မင်းလဲအကြီးကို မရိုမသေလုပ်နေနဲ့တော့ ထမင်းစားစရာရှိစားတော့ "

ဒယ်ဒီပြောမှ နှစ်ယောက်လုံးငြိမ်ကုပ်သွားကြတယ်

Yoon Gi ထမင်းစားနေတုန်း Mommy ဘက်ကနေစကားစပြောလာတယ်

"Gi Gi"

"Nae Mommy"

"သားကို တိုင်ပင်စရာရှိတယ်"

"ပြောလေမား"

Mommy က Daddy ကို မျက်စပစ်ပြတော့ Daddy ကချောင်းတစ်ချက်ဟန့်ပြီး

"သား သားအကိုတက်တဲ့ England က UWE Bristol မှာထားဖို့အစီစဥ်ရှိတယ် သားက IT နဲ့ပတ်သက်တာ စိတ်ဝင်စားတော့ Daddy ဘက်ကလည်း သားကို အားပေးတဲ့အနေနဲ့ ပိုပြီးတိုးတက်အောင် စီစဥ်ပေးမလို့"

"............."

"သားဘက်ကရော ဘယ်လိုသဘောရလဲ"

Yoon Gi တစ်ယောက် သူ့အစ်ကို Jin ဘက်ကို လှည့်ကြည့်လိုက်တော့ Jin ကလည်းသူ့အဖြေကိုစောင့်နေတယ်ထင်ပါရဲ့

💕 My Perfect Existence Is You 💕 ( Unicode , Zawgyi ) Where stories live. Discover now