Unicode 💖
Yoongi သူ့ဘေးက ကားမောင်းနေတဲ့ Jung Kook ကို ငေးကြည့်နေမိတယ်
Shirt အကျီအဖြူ လက်ရှည်အမဲစင်းလေးကို တံတောင်ဆစ်ထိခေါက်ထားတာ လက်ဖမိုးပေါ်က သွေးကြော စိမ်းစိမ်းလေးတွေကိုတောင်မြင်နေရတယ် ယောက်ျားဆန်တာကို ကြည့်ရုံနဲ့တင်သိနိုင်တဲ့ မေးရိုးတွေက ထင်းနေတာ မျက်နှာကလဲအပြစ်ပြောစရာမရှိ
ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်တော့ Hoodie အဖြူ လက်ရှည်ကြီးက လက်တွေကိုတောင်ဖုံးနေပြီ မသိရင် လူကြီး အကျီ ဝတ်ထားတဲ့ကလေးနဲ့တောင်တူနေတယ်
Jung Kook ကိုပြန်ကြည့်လိုက်တော့လည်း ချောနေလွန်းလို့ အကြည့်တောင်မလွဲနိုင်တော့ဘူး
*သူကားမောင်နေတဲ့ပုံစံက အရမ်းကြည့်ကောင်းတာပဲ*
"ဘာတွေ့လို့ အဲ့လောက်တောင်ကြည့်နေတာလဲ"
သူ့ဘက်လဲလှည့်မကြည့်ဘဲနဲ့ ငေးနေတာကိုသိနေတဲ့ Jung Kook ကို ကြောင်တောင်တောင်လေးကြည့်နေမိတဲ့ Yoon Gi
"ငါ အရမ်းချောနေလို့ ဒီလောက်ကြည့်နေတာလားလို့ "
"ဘာမှတော့ မဟုတ်ပါဘူး မင်းပိုပိုချောလာသလားလို့"
အရှက်ပြေ ဂုတ်လေးကို ကုပ်ပြီးပြောလိုက်တော့
"ဟား....ဟ မင်းငါ့ကို မြှောက်ပြောတာ ဒီတစ်ခါပဲကြားဖူးတယ်"
"မြှောက်ပြောတာမဟုတ်ဘူး ငါတကယ်ပြောနေတာ မင်းပုံစံက ယောက်ျားပီသတယ် အရပ်ရှည်ရှည်နဲ့ အားကိုးချင်စရာပုံကြီး ငါလဲမင်းလို ဖြစ်ချင်တာပေါ့ "
Yoon Gi အားပါပါလေးပြောလိုက်တာလေးက
ကလေးလေးက အမှန်တိုင်းလူကြီးကို အားရပါးရပြောနေသလိုလေးနဲ့ တောင်တူသွားတယ်Jung Kook ကလူကြီးဆန်ဆန်နဲ့ ခေါင်းကို ဖြေးဖြေးလေးခါပြီးရယ်နေတယ်
"ငါကတော့ မင်းရဲ့ ဒီလို ပုံလေးကိုပဲသဘောကျတယ် ကလေးလေးလိုပဲချစ်ဖို့ကောင်းတယ်"
Jung Kook ပြောလိုက်တာကို ကြားလိုက်ချင်းချင်း Yoon Gi မျက်နှာလေးကို ဘေးဘက် က ကားပြတင်းပေါက်ဘက်ကို လှည့်လိုက်ပြီး ပြုံးနေမိတယ် ပြီးမှမျက်နှာပြန်တည်ကာ
![](https://img.wattpad.com/cover/247204640-288-k868863.jpg)
YOU ARE READING
💕 My Perfect Existence Is You 💕 ( Unicode , Zawgyi )
Romansaအချစ်ရဲ့သဘောတရားကိုခံယူချက်ခြင်းမတူတဲ့သူတို့နှစ်ယောက် Yoongi has crush on his bff Jeon Jungkook 🤍 Jk - I don't like you, so leave me alone အချစ်ရဲ့သဘောတရားကိုခံယူချက်ခြင်းမတူတဲ့သူတို့နှစ်ယောက် Yoongi has crush on his bff Jeon Jungkook🤍 Jk - I do...