အပိုင်း ( ၄ )

776 102 12
                                    


( Unicode ) 💖

အတန်းချိန် သုံးချိန်ပြီးရင် Canteen ခနသွားလို့ရတာမို့လို့ Yoon Gi နဲ့ Jung Kook တို့ Canteen ဆီကို ထွက်လာလိုက်တယ်

တကယ်တော့ Jung Kook ကလူများတဲ့နေရာဆို သိပ်မလာချင်ဘူး ဒါပေမဲ့ အစားပုတ် Yoon Gi ကြောင့်သာ မသွားချင်တောင်သွားနေရတုန်း Yoon Gi ကို မျက်စိအောက်က အပျောက်မခံချင်တာနဲ့ သူသွားရာ လိုက်ရတာပေါ့

Yoon Gi ကရှေ့ကနေ သူစားချင်တဲ့ ဟာတွေအကုန်လုံးကို Canteen က Service တွေကိုပတ်ထည့်ခိုင်းနေတုန်း Jung Kook Canteen ကို မျက်စိကစားကြည့်တော့ မနက်က ကျောင်းသူအသစ်လေးကိုတွေ့တော့ ငေးကြည့်နေမိတယ်

တကယ်လဲ လှကိုလှရက်တာ ခါးအထိဖြောင့်ဆင်းနေတဲ့ဆံပင်နက်လေးတွေကို ဖြန့်ချထားတာ ကတော်တော်လှတယ် ရယ်လိုက်တိုင်းသွားထက်ဖြူဖြူလေးတွေကို အဝေးကနေတောင်မြင်ရတယ်

သူတို့ကျောင်းကကောင်မလေးတွေနဲ့ အဖွဲ့ကျသွားပြီထင်ပါရဲ့ ရယ်မောနေကြတာ

"ဘာရပ်လုပ်နေတာလဲသွားမယ်လေ အသက်ရှိသေးရဲ့လား "

Yoon Gi ကလက်မောင်းကိုလာတိုက်တော့မှ သတိဝင်ကာ Yoon Gi သွားတဲ့ ခုံနောက်လိုက်သွားတယ်

သူတို့ထိုင်နေတဲ့ စားပွဲနဲ့ ဟိုကောင်မလေး ထိုင်နေတဲ့ ခုံက မျက်စောင်းထိုး Jung Kook ဘက်ကကြည့်ရင်ကောင်မလေး မျက်နှာကို မြင်နေရတယ် Jung Kook တစ်ချက်တစ်ချက် မသိမသာခိုးကြည့်မိတယ်

Jung Kook က Canteen က ထမင်းဆိုမစားတာကြောင့် Yoon Gi ရှေ့တွင်ထိုင်ကာ Soo Hee ကို ငေးကြည့်နေမိတယ်

Yoon Gi လဲ မျက်စိကစားနေတဲ့ သူ့ရှေ့က Jung Kook ကိုကြည့်လိုက်တော့ သူ့နောက်က မျက်စောင်းထိုးခုံကို ကြည့်နေတယ်လို့ထင်ရတာမို့လို့ သူလဲ အနောက်ကိုလှည့်ကြည့်လိုက်တော့

မိန်းကလေးတွေကြားထဲမှာ မတူတဲ့အလှနဲ့ကွဲထွက်နေတဲ့ Soo Hee ကို ကြည့်ပြီး ထမင်းကိုသာပြန်စားနေလိုက်တယ်

သူလှည့်ကြည့်မှန်း Jung Kook သိတော့

"Yoon Gi ရေ Soo Hee ကအရမ်းလှတာပဲ"

ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့ Jung Kook ဆီက ထိုစကားကြားတော့ စားမလို့လုပ်နေတဲ့ ခက်ရင်းထဲက ထမင်းပါပြုတ်ကျတယ်

💕 My Perfect Existence Is You 💕 ( Unicode , Zawgyi ) Where stories live. Discover now