♦Part 1♦

1.6K 46 2
                                    

#Unicode✨
 
W'Dad🔸"Win Metawin!"
💠 သိပ်ကျယ်ကျယ်ဝန်းဝန်းမရှိလှသည့်အိမ်ကလေးထဲ အော်ခေါ်လိုက်သည့်​အသံကြောင့် Win ကြောက်လန့်ကာ ကိုယ်ကလေးသိမ့်သိမ့်တုန်တက်လာသည်။

W'Dad🔸"Win Metawin! ငါခေါ်တာကိိုမကြားဘူးလား? Win Metawin!"

💠 ​ အဖေ မူးပြီးလိုက်ရိုက်တိုင်းအမြဲပုန်းနေကျ ဒီအမှောင်ကျနေသည့် ချောင်ကလေးက ကျွန်တော့်အတွက်တော့ လုံခြုံစမြဲ.....သို့သော်လဲတုန်နေသည့် ခန္ဓာလေးအား အားပြုကာ အဖေ့ရှေ့သို့အပြေးနှင်ရသည် မသွားရင် ကြိမ်ဒဏ်ကျမှာစိုးရသည်လေ...

W'Dad🔸"Win Metawin!"

Win🔸"ဗျာ ဖေဖေ.."

W'Dad🔸"မင်း ငါခေါ်တာကိုမကြားဘူးလား ဒါမှမဟုတ် မကြားချင်ယောင်ဆောင်နေတာလား? ဟမ်"

Win🔸"......"

W'Dad🔸"ဘာလဲ မင်းလဲမင်းအမေလိုပဲ ငါ့ဆီကထွက်ပြေးဖို့ကြံစည်နေတာလား?"

Win🔸"မ..မဟုတ်ရပါဘူး အဖေရယ် ကျကျွန်တော် အိပ်ပျော်သွားလို့မကြားလိုက်တာပါဗျာ"

W'Dad🔸"ပြောလိုက်ရင် $ဆင်ခြေတွေကြီးပဲ...တောက်!"

Win🔸"အဖေဘာလိုလို့လဲဟင် ကျွန်တော်အရက်သွားဝယ်ပေးရမလား?"

W'Dad🔸"မလိုဘူး ငါ့ကိုမင်းစုထားတဲ့ ပိုက်ဆံတွေသာပေး.."

Win🔸"ဗျာ..ဖေဖေ ဒါပေမဲ့ အဲ့ပိုက်ဆံတွေက ကျွန်တော်ကျောင်းတက်ဖို့စုထားတာတွေမို့..."

W'Dad🔸"မပေးနိုင်ဘူးပေါ့ ဟုတ်လား Metawin?.."

🔸 မူးလာတိုင်း ကျွန်တော့်အားအမြဲရိုက်နေကျ ထိုကြိမ်တံမျှင်မျှင်ကလေးအား ဆွဲယူကာ တဖြေးဖြေးအနားတိုးလာသည့်အဖေ့ကို ကြည့်ရင်းကြောက်လန့်ကာ ​မျက်ရည်မကျစေရန် အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်...။

W'Dad🔸"ငါမေးနေတယ်လေ...မင်းမပေးနိုင်ဘူးလားလို့?"

Win🔸"မ..မဟုတ်ပါဘူး အဖေရယ် ပေးပါ့မယ် ကျွန်တော်ပေးပါ့မယ်..."

စုထားသည့် ခေါင်းအုံးအောက်ကပိုက်ဆံတစ်ချို့အားအပြေးအလွှားယူပြီး အဖေ့ကိုပေးလိုက်တော့ လက်ထဲက ဆွဲလုယူကာ...

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now