[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
♦Part 17♦🔸မြေပေါ်ပြန့်ကျဲနေသည့်'Chocolate Cosmos'ပန်းများကိုငေးရင်း P'Bright'ရင်ခွင်ထဲဇိမ်ကျစွာနေရင်းနဲ့ပင်ညနေစောင်းလာတော့သည်။တစ်ချက်တစ်ချက်လေညင်းကလေးကကျီစယ်လိုက်လျှင် သူဆွတ်နေကျ 'Bleu De Chanel'ရေမွှေးရနံ့လေးက နှာခေါင်းနားမှာရစ်ဝဲနေ၏။
🔸 ရေမွှေးဆိုသိပ်မကြိုက်တဲ့ကျွန်တော်ကအခုဒီရနံ့ကို သိပ်ကိုမွှေးတဲ့ရေမွှေးလို့ပြောရမလား ဒါမှမဟုတ် သူဆွတ်နေကျမို့မွှေးနေတာများလား?"အဓိကကတော့ ကျွန်တော်သိပ်သဘောကျတယ်ဆိုတာပဲ...။
Bright-"နှင်း..!"
Win(Rose)-"ဟင်..ပြောလေ P'"
Bright-"လာ ပြန်ရအောင်ကိုယ်တို့ကို 'Nann'တို့ရှာနေလောက်ပြီ"
Win(Rose)-"အင်း ပြန်ကြမယ်.."
Bright-"အိမ်ထိလိုက်ပို့ပေးမယ် 'နှင်း'ကို"
Win(Rose)-"အမယ် P'ခေါ်လာတာကို P'လိုက်မပို့လို့ ဘယ်သူလိုက်ပို့ရမှာလဲလို့?"
Bright-"ကျွန်တော်က စတာပါဗျာ.."
Win(Rose)-"ဟွန့် လာမြန်မြန် 'Drake'ကားနားသွားရအောင် သူတို့ရောက်နေလောက်ပြီ"
Bright-"Ok"
🔸'Drake'ကားရပ်ထားသည့်နေရာသို့ လျှောက်လာရင်း ကားကိုမှီကာရပ်နေသည့် 'Drake'ကိုတွေ့လိုက်ရသည်။
Drake-"မင်းတို့ကကြာလိုက်တာ ဘယ်တွေသွားနေတာလဲ ဒီလောက်မှောင်နေပြီကို.."
Bright-"ငါ့ကောင်မလေးနဲ့ငါ Date တာလားမင်းအပူပါလား?"
Drake-"မင်း..!"
Win(Rose)-"အာ တော်ပြီ အိမ်ပြန်ရအောင် 'နှင်း'အိပ်ချင်နေပြီ"
🔸'Win(Rose)'၏အိပ်ချင်မူးတူးပြောသံကြောင့် 'Bright'နှင့်'Drake'မှာအမြန်ပင်ကားပေါ်တက်ကာ အိမ်ပြန်ရတော့သည်။အိမ်အထိလိုက်ပို့ခဲ့ပြီး 'Bright'လဲ အိမ်ပြန်ရန်ပြင်တော့ 'နှင်း'ကအိမ်ထဲမှပြန်ထွက်လာပြီး...
Win(Rose)-"P'Bright!"
🔸'Bright'လဲဆိုင်ကယ်ဦးထုပ်ဆောင်းနေရင်းမှ အနားရောက်နေသည့်'Win(Rose)'ကိုလှည့်ကြည့်လိုက်သည်။
YOU ARE READING
♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)
Fanfic#Unicode မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥ ငါ့လိုလူမျိုးက ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလာစရာ ဘာအကြောင်းမှမရှိဘူး ငါချစ်တာမိန်းကလေးတွေပဲ✨ -Khun Bright Vachirawit C. ကျွန်တော်ကလဲ ယောကျာ်းတစ်ယောက်ကိုမှချစ်မိတဲ့အတွက် အစ်ကိုဖြစ်စေချင်...