[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
♦Part 19♦🔸'Bright'ပြန်ပြီးမကြာမီ 'Win'သတိရလာတော့သည်။မျက်လုံးဖွင့်ရန်ကြိုးစားနေရင်းက တဖြေးဖြေးနှာခေါင်းသို့တိုးဝင်လာသည့် ဆေးရုံအငွေ့အသက်ကြီးက စိတ်ညစ်စရာ...!။'Win'လဲမျက်လုံးကိုဖြေးညင်းစွာဖွင့်ကာ လဲအိပ်နေရင်းကထထိုင်လိုက်သည်။
🔸ကုတင်ပေါ်မှီကာအိပ်နေသည့် 'Nann'ကိုမြင်တော့ 'Win'လဲသူ့ခေါင်းလေးအားအသာခေါက်လိုက်သည်။
Nann-"အားးး နာလိုက်တာ P'Win ကလဲ ဟွန့် နိုးလာတာနဲ့စပြီ😒"
Win-"ဘယ်အချိန်ကတည်းကအိပ်နေတာလဲ 'Nann'ရဲ့အိမ်မပြန်ဘူးလား?"
Nann-"P'Winnn!ဟင့်"
🔸အော်ငိုရင်း လာဖက်နေသည့် 'Nann'ကို အလိုက်သင့်ပြန်ဖက်ထားပေးလိုက်သည်။
Win-"ကဲ တော်ပြီ မျက်ရည်တွေပေါလှချည်လား အစ်ကိုမသေပါဘူး"
Nann-"စိတ်ပူနေတာ..ဟင့် အဲ့ဒါဟို 'Plare'မကြောင့်သူ့ကိုပြန်လုပ်ပစ်ရမယ် P'Win'ကိုသူတမင်လုပ်တာ ဟင့် Phi Bri..အာမဟုတ်ဘူး Phi Drakeသာအချိန်မီရောက်မလာခဲ့ရင်.."
Win-"အစ်ကို့ကို 'Drake'လာခေါ်ခဲ့တာလား?"
Drake-"ဟုတ်တယ် ငါခေါ်လာခဲ့တာ"
🔸'Win'၏အမေးကိုဖြေရင်း 'Drake'လဲအခန်းထဲဝင်လာခဲ့သည်။
Win-"ကျေးဇူးတင်ပါတယ်ကွာ မနေ့ကငါစကားနားမထောင်ပဲသွားမိလို့တောင်းပန်ပါတယ် ဒါပေမဲ့ သူဒီလောက်ထိလုပ်လိမ့်မယ်လို့မထင်ထားခဲ့ရိုးအမှန်ပါ"
Drake-"မလိုပါဘူး မင်းလိုယုန်ငဒူလေးက ငါ့ကိုလိုအပ်တယ် ငါသာမရှိရင်မင်းကတော့.."
Win-"ငါမကြားချင်ဘူး အဲ့အကြောင်းထပ်မပြောပါနဲ့တော့!"
🔸'Drake'လဲ 'Win'အနားကပ်ကာ 'Win'ရဲ့လက်ကလေးတွေကိုဆုပ်ကိုင်ရင်း..
Drake-"ဒီမှာ ယုန်ကလေး မင်းတစ်ခုခုဖြစ်ရင်ငါမခံစားနိုင်ဘူးကျေးဇူးပြုပြီး မင်းနောက်ခါငါပြောရင်နားထောင်ပေးပါ"
Nann-"အာ..P'Drake ဒါကဘာအဓိပ္ပါယ်လဲ?"
Drake-"ငါငါပြောတာက အဲ့လိုအဓိပ္ပါယ်ပြောတာမဟုတ်ဘူး"
![](https://img.wattpad.com/cover/263397575-288-k555300.jpg)
YOU ARE READING
♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)
Fanfic#Unicode မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥ ငါ့လိုလူမျိုးက ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလာစရာ ဘာအကြောင်းမှမရှိဘူး ငါချစ်တာမိန်းကလေးတွေပဲ✨ -Khun Bright Vachirawit C. ကျွန်တော်ကလဲ ယောကျာ်းတစ်ယောက်ကိုမှချစ်မိတဲ့အတွက် အစ်ကိုဖြစ်စေချင်...