Unicode✨
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
♦Part 28♦Win-"ဟင့်.."
🔸'Bright'လဲရင်ခွင်ထဲမှ 'Win'ကိုအသာဆွဲထုတ်ရင်း မျက်နှာချင်းဆိုင်ကြည့်စေကာ 'Win' ပါးပြင်ပေါ်ကမျက်ရည်ကလေးများအား လက်ကလေးဖြင့်အသာသုတ်ပေးလိုက်သည်။
Bright-"တိတ်တော့နော် ငိုရင်အားနည်းလိမ့်မယ်"
Win-"အမြဲကျွန်တော့်အနားမှာရှိနေပေးလို့ကျေးဇူးတင်ပါတယ် P'Bai"
Bright-"ကျေးဇူးတင်ရင် ကျေးဇူးပြန်ဆပ်နိုင်အောင် မြန်မြန်နေပြန်ကောင်းလာအောင်လုပ်လေ ဒါမှကိုယ် စားလို့ရမှာ"
🔸'Bright'စကားကြောင့် 'Win'ရှက်ရမ်းရမ်းကာ 'Bright'၏ရင်ဘတ်အား ထုရိုက်ပစ်လိုက်သည်။
Win-"P'နော် ဘာတွေပြောနေတာလဲ?"
🔸ရင်ဘတ်ကိုထုရိုက်နေသော ထိုကလေးငယ်၏လက်ကလေးများကို အမိအရချုပ်ကိုင်လိုက်ရင်း...
Bright-"ကိုယ်ပြောတဲ့အဓိပ္ပါယ်ကိုမင်းသိပါတယ် ဒီနေရာမှာအကျယ်ကြီး ပြောပြစေချင်လို့လား?"
Win-"မ..မပြောနဲ့တော့ ကျောင်းသွားရအောင် နောက်ကျတော့မယ်"
Bright-"အဟင်း ရှက်တော့ရှက်တတ်သား ရှက်တာလေးကလဲ ချစ်စရာလေး"
🔸ပြောရင်းဆိုရင်းပင် 'Win'ရှက်နေပုံလေးအားအသဲယားကာ 'Win' ပါးကလေးကို 'ရွှတ်'ခနဲမြည်အောင် မွှေးကြူလိုက်သည်။'Win'လဲကျေနပ်ပြုံးပြုံးလိုက်ပြီး 'Bright'ကသူ့အပေါ်ဝတ်အင်္ကျီလေးကို'Win'အားခြုံပေးကာ နှစ်ယောက်သား ဆိုင်ကယ်ဖြင့်ကျောင်းသို့လာခဲ့ကြတော့သည်။
Nann-"P'Win'ကလဲလာတာနောက်ကျလိုက်တာ မြန်မြန်လာဆရာမရောက်နေပြီအတန်းထဲသွားရအောင်"
Win-"အင်းအင်းရော့ဒီမှာ P'Baiiအင်္ကျီ တာ့တာနော် P'Baii' ညနေကျမှပြန်တွေ့ကြမယ်"
Bright-"ဟုတ်ပါပြီဗျာ လွမ်းနေပါ့မယ်"
Drake-"ဘောကိုလွမ်းနေပါ့မယ်လား? ညနေတွေ့မှာကို ပိုကိုပိုတယ် အတွဲတွေများပြောကို.."
🔸'Drake'ကရှေ့ကိုမကြည့်ပဲ နောက်လှည့်ကာ 'Bright'ကိုပွစိပွစိပြောရင်းအတန်းထဲဝင်နေတော့အတန်းရှေ့မှာရပ်နေသည့် 'Frank'ကိုဝင်တိုက်မိတော့သည်။
![](https://img.wattpad.com/cover/263397575-288-k555300.jpg)
YOU ARE READING
♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)
Fanfiction#Unicode မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥ ငါ့လိုလူမျိုးက ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလာစရာ ဘာအကြောင်းမှမရှိဘူး ငါချစ်တာမိန်းကလေးတွေပဲ✨ -Khun Bright Vachirawit C. ကျွန်တော်ကလဲ ယောကျာ်းတစ်ယောက်ကိုမှချစ်မိတဲ့အတွက် အစ်ကိုဖြစ်စေချင်...