[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
♦Part 21♦🔸တိုးလျဝင်သွားသည့်အသံကလေးအဆုံး နေရာမှပြေးထွက်သွားသည့်ကျောပြင်လေးက မြင်ကွင်းမှတဖြေးဖြေးပျောက်ကွယ်သွားတော့သည်။
Bright-"Win!"
🔸ပြေးလိုက်ရန်ပြင်ပေမဲ့ အနောက်ကလှမ်းဆွဲထားသည့်လက်တစ်စုံကြောင့် 'Plare'ကိုလှည့်ကြည့်လိုက်သည်။
Plare-"မသွားပါနဲ့ ကိုကို 'Plare'နားမှာနေပါ ကိုကိုပဲ 'Plare'ကိုချစ်တယ်ဆို"
Bright-"ငါဘယ်တုန်းကမင်းကိုချစ်တယ်ပြောခဲ့လို့လဲ?"
Plare-"ဒါဆို 'Plare'ကို နမ်းခဲ့တာကရော?"
Bright-"သေချာစဥ်းစားပါဦး ငါကမင်းကိုနမ်းခဲ့တာလား မင်းကငါ့ကိုရုတ်တရက်နမ်းတာလားဆိုတာ?"
Plare-"အာ..ဒါ ဒါက"
Bright-"မင်းက ယုံကြည်ချင်စရာတစ်စက်မှကိုမကောင်းဘူး 'Plare' ဒီကမ္ဘာမှာမင်းတစ်ယောက်ပဲရှိမယ်ဆိုရင်တောင် မင်းကိုရွေးမှာမဟုတ်ဘူး!"
🔸'Plare'ဆွဲထားသည့်လက်ကိုဖြုတ်ချလိုက်ပြီး 'Win'အနောက်သို့ပြေးလိုက်သွားတော့သည်။ကျန်ခဲ့သည့် 'Plare'မှာတော့ 'Bright'၏စကားကြောင့် ခြေထောက်တွေပင်မလှုပ်နိုင်တော့ချေ။
Bright-"Win!နေပါဦး ကိုယ့်ကိုစောင့်ပါဦး"
Win-"မလာနဲ့ သွား"
🔸'Bright'လိုက်လာတာကြောင့် 'Win'လဲအမြန်ပြေးတော့သည်။သို့ပေမဲ့ 'Bright'မြန်တာကြောင့် 'Win'ကိုအနောက်ကနေချူပ်ထားလိုက်သည်။
Win-"P'Bright! လွှတ်ပေး"
Bright-"မလွှတ်ဘူး ကိုယ်မလွှတ်ဘူး"
Win-"ကျွန်တော့်ကိုလွှတ်ပေးလို့ပြောနေတယ်"
Bright-"ခဏ ခဏပဲဒီအတိုင်းလေးနေပေးပါကွာ ကိုယ်တောင်းဆိုတာပါ"
Win-"....."
🔸လက်မောင်းအောက်ကနေလျှိုဝင်ကာ ခါးကိုဖက်တွယ်လာသည့် 'Bright'၏လက်အစုံကို ခွင့်ပြုပုံအရ 'Bright'၏တောင်းဆိုမှုကိုလက်ခံဟန်တူသည်။ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ နောက်ကနေ သိုင်းဖက်လာသည့် 'Bright'ဆီက 'Bleu De Chanel'ရေမွှေးနံ့သင်းသင်းလေးကိုတော့ လျစ်လျူမရှုနိုင်..။
![](https://img.wattpad.com/cover/263397575-288-k555300.jpg)
YOU ARE READING
♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)
Fanfic#Unicode မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥ ငါ့လိုလူမျိုးက ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလာစရာ ဘာအကြောင်းမှမရှိဘူး ငါချစ်တာမိန်းကလေးတွေပဲ✨ -Khun Bright Vachirawit C. ကျွန်တော်ကလဲ ယောကျာ်းတစ်ယောက်ကိုမှချစ်မိတဲ့အတွက် အစ်ကိုဖြစ်စေချင်...