Part 9 အရုပ်ကောက်တာမတော်တဲ့အိမ်ရှေ့စံ

345 54 1
                                    

Unicode
"အရုပ်ကောက်မလား"
လမ်းထိပ်မှာအရုပ်ကောက်စက်တွေ့သဖြင့်Seokjin အားလှမ်းမေးလိုက်​၏ အိမ်ရှေ့စံဒါမျိုးဆော့ဖူးမယ်မထင်ဘူး
"ဝယ်လို့ရတာပဲကို ဘာလို့ကောက်ဦးမှာလဲ"
Seokjin ကစိတ်မဝင်စားဟန်ဖြင့်ပြန်ဖြေရာ
"ဒါဆော့ကြည့်မှသိမှာပေါ့ လာလာစမ်းဆော့ကြည့် နန်းတော်မှာဒါတွေမရှိဘူးမလား"
Seokjinအားဆွဲကာစက်ရှေ့ပို့လိုက်ပြီး အကြွေစေ့ထည့်လိုက်​၏..
"စနေပြီလေ ရွှေ့တော့"
Shieun တက်ကြွနေသည်အားကြည့်ရင်း Seokjin စရွှေ့လိုက်သည်.. အရုပ်ကောက်တာများဘာစိတ်လှုပ်ရှားစရာကောင်းလို့လဲ လွယ်လွယ်လေးကို
" ... "
ထိုသို့တွေးနေစဉ်မှာပဲအရုပ်ကလမ်းတစ်ဝက်မှပြုတ်ကျသွားကာ မရလိုက်..
Seokjin စိတ်တိုင်းမကျဖြစ်သည်ကိုသတိထားမိသွားသဖြင့် Shieun အကြွေစေ့နောက်တစ်ခုထပ်ထည့်လိုက်သည်..
"ရပြီ ထပ်စမ်းကြည့်"
"..."
အပေါက်ဝရောက်ခါနီးမှာတင်ပဲထပ်ပြုတ်ကျသွား​၏
သို့နှင့် နောက်တစ်ခေါက် နောက်ထပ်တစ်ခေါက် နောက်ဆုံးမတိုင်ခင်တစ်ခေါက်
"ဘာလို့မရရတာလဲ"
Seokjin ပတ်ဝန်းကျင်လဲမသိမထားမိတော့ပဲ စိတ်တိုသွားကာ စက်အားဆောင့်ကန်လိုက်သည်..
"..."
"..."
နောက်မှShieunရှိသေးတာပြန်သတိရသွားကာစိတ်ပြန်တည်ငြိမ်အောင်လုပ်လိုက်​၏
"ဒီတစ်ခေါက်နောက်ဆုံးပဲ"
Seokjin Shieunအားကြည့်ကာအကြွေထည့်ခိုင်းလိုက်သည်..
"ဒါပေမယ့် အကြွေမရှိတော့ဘူး"
Shieun busစီးဖို့အကြွေအကုန်ကုန်သွားပြီ
Seokjin black cardထုတ်လိုက်ကာစမ်းထည့်ကြည့်​၏
"အဲ့cardနဲ့ဘယ်လိုလုပ်ရမှာလဲ အရှင့်သားကလဲ"
Seokjin မကျေနပ်သေးဟန်ဖြင့်ထိုအရုပ်ကောက်စက်အားစိုက်ကြည့်နေ​သေးသည်
နောက်မှလက်လျှော့လိုက်ဟန်ဖြင့်ကျောခိုင်းလိုက်​၏
"ညလဲရောက်တော့မယ်ဆိုတော့ပြန်ကြမလား?"
Shieun အမေးကြောင့် Seokjin ခေါင်းငြိမ့်ပြလိုက်သည်..
"အရှင့်သားကိုလာကြိုမှာလား အရှင့်သားကိုယ့်ဟာကိုယ်ပြန်ရမှာလား?"
နန်းတော်ကိုပြန်ရမှာသတိရသွားသဖြင့် Shieun မေးလိုက်​၏
".. ကိုယ့်ဟာကိုယ်"
Seokjin ကိုလာခေါ်ခိုင်းရင်ရသော်လဲ အဲ့တာဆိုမိန်းကလေးဆန်နေမယ်ဟုထင်မိ၍ ကိုယ့်ဟာကိုယ်ပြန်ရန်ပြင်လိုက်သည်
"ပြန်တော့ပြန်တတ်ပါတယ်နော်"
Shieunသေချာအောင်ထပ်မေးကြည့်​၏
"taxi ငှားလိုက်မယ်"

This handsome prince is not normal but I love himWhere stories live. Discover now