Part 5 ထူးဆန်းတဲ့ကောင်မလေးပဲ

362 57 0
                                    

Unicode

"Seokjin??"
အခန်းထဲမှာ Seokjinအားပြန်တွေ့ရမယ်မထင်ထား..
Seokjinမှာလဲကိုယ့်အားတွေ့လ်ိုက်သဖြင့်အံ့ဩသွားဟန်ပေါ်​၏.. တစ်တန်းလုံးကသူ့ကိုဘာလို့စိုက်ကြည့်လဲနားလည်သွားသည်.. ဒီကိုလာရင်သူ့က်ိုတွေ့ရမှာကိုး အိမ်ရှေ့မင်းသားခပ်ချောချောလေးနဲ့မတွေ့ချင်တဲ့သူဘယ်သူရှိမှာလဲ... ငါပဲ.. အရင်အပတ်ကအဖြစ်အပျက်သာမရှိခဲ့ရင်တော့ သူ့ကိုတွေ့ရင်ပျော်မိမှာတော့သေချာပေါက်ပဲ...
စာအုပ်များအားချပြီးနောက်Shieun အခန်းထဲမှထွက်လာလိုက်​၏.. Seokjinတို့လဲအတန်းဆင်းပြီဖြစ်၍အခန်းထဲမှထွက်လာကြသည်
"အာညော်?"
မျက်နှာချင်းဆိုင်မိသွားသဖြင့် ကျော်သွားလျှင်ရိုင်းရာကျမိစိုးကာနှုတ်ဆက်လိုက်​၏
"ကျွန်တော်ခင်ဗျားကိုသိလို့လား?"
ပြန်ဖြေလိုက်သောစကားကြောင့် Shieun စကားပင်ထပ်မပြောနိုင်တော့.. မနှုတ်ဆက်ခဲ့ရင်အကောင်းသား
အာမမှတ်မိဘူးလား ကျွန်မတို့တွေ့ဖူးတယ်လေ
အဲ့တုန်းကရှင်တောင်ကျွန်မကိုဗွက်ထဲကဆွဲခေါ်ရသေးတယ် နောက်ခြံစည်းရိုးအောက်ကနေထိုးထည့်တာလေ ကျွန်မလဲရှင့်မြင်းပေါ်ကနေပြန်အန်ချခဲ့တာ
လို့ပြောမယ်ထင်လား
"တောင်းပန်ပါတယ် လူမှားသွားတာနေမယ်"
​Shieun ဒီအတိုင်းပြန်နှုတ်ဆက်လိုက်ကာထွက်သွားရန်ပြန်လိုက်သည်..
"ခဏလေး.. ခင်ဗျားကိုတစ်နေရာရာမှာမြင်ဖူးသလိုပဲ"
Seokjin လှမ်းခေါ်လိုက်သောကြောင့် Shieunလန့်သွားကာထွက်ပြေးချင်စိတ်ပေါက်သွား​၏ မမှတ်မိပါစေနဲ့
"...."
Shieun ဆုတောင်းမပြည့် Seokjinမှာပြန်သတိရသွားဟန်တူ​၏ ချက်ချင်းရုပ်တည်သွားကာ ရင်းနှီးသောအကြည့်မှ ချက်ချင်း အေးစက်သွားသည်..
"မင်း ဒီကိုဘာလာလုပ်တာလဲ"
Shieunတစ်ချက်တွေးလိုက်ကာ..
"ဆရာမခေါ်လို့လေ?"
"မဟုတ်ဘူးဒီကျောင်းကိုဘာလာလုပ်တာလဲပြောတာ... ကျွတ်စ် အစကမင်းကိုstalkerမဟုတ်လောက်ဘူးထင်ထားတာ ခုကျတော့ဒီကျောင်းထိပါလာstalkတယ်ပေါ့ မလွန်လွန်းဘူးလား"
Seokjinစကားကြောင့် Shieunအံ့ဩသွားရ​၏
"ကျွန်မရှင်ဒီမှာတက်မှန်းတောင်ခုမှသိရတာ..
ကျွန်မဒီတက္ကသိုလ်တက်နေတာတစ်ပတ်ရှိပြီရှင့်"
"ငါဆိုငါးနှစ်"
"ဘယ်သူမေးလို့လဲ"
ထိုစကားအားကြား၍Seokjinအနည်းငယ်တင်းသွားဟန်ဖြင့်
"ဘယ်သူကမမေးပဲစဖြေတာလဲ"
"ကျွန်မရှင့်နောက်လိုက်stalkနေကြောင်းမဟုတ်ဘူးလို့ရှင်းတာလေ"
"ဘယ်သိနိုင်မလဲ မင်းငါဒီမှာတက်နေတာသိပြီးလာတက်တာနေမှာပေါ့"
"ရှင်နဲ့မတွေ့ခင်တည်းကကြိုတက်နေတာပါနော်"
Seokjin အနည်းငယ်တွေသွားကာ
"ဘယ်နေ့ကစတက်တာလဲ"
"xxနေ့က"
"အဲ့တာငါနဲ့စတွေ့တဲ့နေ့မလား Wahh ဒီတစ်ယောက်ကမြင်မြင်ချင်းကြွေပြီးငါ့နောက်stalkနေတာပဲ ငါ့ရုပ်ရည်ကိုတောင်ငါစိုးရိမ်လာပြီ"
Shieun ဘယ်လိုပြန်ပြောရမှန်းကိုမသိတော့.. သူတော်တော် confidentရှိတာပဲ ဒါကိုတော့အမှတ်ပေးမယ် +10ယူ
"ဘာပဲဖြစ်ဖြစ် ထပ်မတွေ့တော့ရင်ပြီးကောမလား"
ထိုသို့ပြောပြီးShieunလှည့်ထွက်သွားလိုက်​၏

This handsome prince is not normal but I love himWhere stories live. Discover now