Part 7 ငါခုကစပြီးဟမ်းစတားပဲလုပ်တော့မယ်

347 54 2
                                    

Unicode

စာပေါ်ကြိုးစားအာရုံစိုက်နေပေမယ့် တံခါးဝကနေ Seokjinကစိုက်ကြည့်နေတော့ Shieun ဘယ်လိုနေလို့ရမလဲ အား!!!!! အထူးသဖြင့်သူကအိမ်ရှေ့စံဖြစ်နေပြီးအရမ်းချောနေတော့ စာကိုမျက်လုံးကကြည့်နေရင်စိတ်ကSeokjinဆီရောက် စိတ်ကစာထဲရောက်နေချိန်မျက်လုံးကSeokjinဆီရောက် ဒီလိုနဲ့ငါစာမရတော့ဘူးမလား???
တစ်တန်းလုံးကလဲ Seokjinကိုကြည့်လိုက် Seokjin ကြည့်နေတဲ့ဘက်လှည့်ကြည့်လိုက်နဲ့ ဆရာမတောင်သင်ရတာအဆင်မပြေဖြစ်နေပြီ  ဟိုကလဲဘာမှမပြောပဲရပ်နေတော့ ဘာလုပ်ရမှန်းမသိတွေဖြစ်
"ဒီနေ့တော့ ဒီမှာပဲရပ်ကြတာပေါ့ Seokjin shiဘာလိုအပ်လို့လဲ"
ဆရာမမှာစာပင်ဆက်မသင်တော့ပဲ ရပ်လိုက်ရသည်
ထိုအခါမှ Seokjinကျ Shieunဘက်လက်ညိုးထိုးလိုက်ကာ
"နာမည်"
နာမည်? နာမည်မေးဖို့ဒီမှာရပ်စောင့်နေတာလား? Shieunကြောင်သွားစဉ်မှာပဲတစ်တန်းလုံးသူတို့နာမည်ဝိုင်းအော်ကြ​၏
"Hara Kang Hara"
"Yeoinn Song Yeoinn"
"Park Chanshik"
"Nam Jeohyuk"
သို့သော်လဲ Seokjin စိတ်မရှည်ဟန်ကြည့်လိုက်သောကြောင့်ပြန်ငြိမ်သွားကြသည်..
"မင်းနာမည်"
"Shi... eun"
ပြန်ဖြေပြီးပြီးချင်း Seokjin တစ်ချက်တွေးဟန်ဖြင့်လှည့်ထွက်သွား​၏.. အာ နာမည်မေးပြီးဒီအတိုင်းထွက်မသွားနဲ့လေ ဒီစူးစမ်းချင်တဲ့သူတွေနဲ့ငါ့ကိုတစ်ယောက်တည်းထားခဲ့တော့မလို့လား Shieun လွယ်အိတ်ကောက်ဆွဲကာ Seokjinနောက်ပြေးလိုက်သွား​၏ နာမည်မေးတယ်ဆိုတော့ ဒါခင်သွားပြီဆိုတဲ့အဓိပ္ပာယ်မလား
"အရှင့်သား"
Shieun ပြေးလိုက်ရင်းလှမ်းခေါ်လိုက်​၏ ဘယ်လိုတောင်လျှောက်လို့အဲ့လောက်မြန်ရတာလဲ..
ခဏရပ်ကာအမောဖြေနေချိန် Seokjinကရပ်စောင့်ပေးနေ​၏..
​သို့သော်ဆရာမဆီနာမည်ပြောရဦးမှာပြန်သတိရပြီး Shieunအားမစောင့်ပဲပြန်လျှောက်သွား​၏
"အာ မစောင့်တော့ဘူးလား"
Shieun ပြန်ပြေးလိုက်သွားသည်..
"ဟို.. Scholar နာမည်ကShieun တဲ့"
Seokjin အခန်းဝကနေဆရာမအားလှမ်းပြောလိုက်သည်
"Shieun? Scholar Shieun ဆိုတာရှိလို့လား"
ဆရာမ ကအနည်းငယ်တွေဝေသွားဟန်ဖြင့် နောက်တစ်ယောက်အားမေးလိုက်​၏
" ( Y/n )ကိုပြောတာများလား"
Seokjin ဆရာမတွေပြောနေတဲ့စကားအားနားထောင်းရင်းကြောင်သွား​၏ သူ့နာမည်ကShieunမဟုတ်ဘူးလား ဘာလို့လိမ်ပြောတာလဲ
"အရှင့်သားကလျှောက်တာတကယ်မြန်တာပဲ ဘာဖြစ်လို့လဲ"
တိုက်ဆိုက်စွာပင် Shieunကသူ့နားရောက်လာ​၏
"မင်းနာမည်က Shieunမဟုတ်ဘူးဆို?"
"နာမည်အရင်းတော့မဟုတ်ဘူး အဲ့တာကျွန်မကိုခေါ်ရလွယ်အောင်ပေးထားတာ"
"နာမည်အရင်းကဘာလဲ"
" ( Y/n ) "
"...."
အနည်းငယ်ခေါ်ရခက်သောကြောင့် Seokjin ငြိမ်သွား​၏
"ဟို သူ့စာရွက်"
Shieunအားနောက်ကနေတွန်းကာရှေ့ပို့လိုက်ပြီး ဆရာမအားလှမ်းပြောလိုက်​သည်
"အာ အဲ့ Shieunပဲ ရှာထားပေးမယ်နော် မနက်ဖြန်မှရမယ် အိုကေတယ်မလား"
" Nae"
"?"
နောက် Seokjin လှည့်ထွက်သွားတော့ Shieun နောက်မှလိုက်ကာစူးစမ်းချင်စိတ်ဖြင့်မေးမိသည်
"အရှင့်သားဘာတောင်းထားလို့ကျွန်မနာမည်အရင်းလိုအပ်တာလဲ"
Shieun စကားကြောင့် Seokjin တွန့်သွား​၏
Shieunကိုသူ့အဖြေစာရွက်လိုချင်လို့နာမည်မေးတာလို့ပြောလို့မှမရပဲ...
"မသိချင်နဲ့"
Seokjin မျက်စောင်းထိုးကာပြောရင်းဆက်လျှောက်နေ​၏
"ဟမ့်.. ဒါနဲ့အရှင့်သားကအေးအေးစက်စက်ပုံစံမျိုးမှတ်တာ ထင်သလိုသိပ်မဟုတ်ဘူးပဲ ခင်ဖို့ကောင်းသလိုလိုတော့ရှိသား"
ထိုစကားကြောင့် Seokjin အနည်းငယ်ပြုံးမိကာ ရုပ်ပြန်တည်လိုက်သည်
"ဘာလို့အေးအေးစက်စက်လို့ထင်ရတာလဲ"
"အရှင့်သားနားမှာဘယ်သူ့မှမရှိဘူးလေ စစတွေ့တုန်းကလဲမရှိဘူး ခုပြန်တွေ့တော့လဲဘယ်သူ့မှမရှိဘူး သက်တော်စောင့်ပြောတုန်းကလဲ အရှင့်သားနဲ့သူတို့နဲ့အဲ့လောက်စကားပြောဖူးတယ်မကြားဘူး"
Shieun ပြန်စဉ်းစားရင်ပြောလိုက်​၏
"အဲ့တာက ငါကသူများတွေနဲ့စကားပြောရင်အဆင်မပြေဖြစ်တတ်လို့ မပြောပဲနေတော့တာ"
"ကျွန်မနဲ့ကကော?"
Seokjin တစ်ချက်စဉ်းစားလိုက်ရင်း
"ဟမ်းစတား ပိုင်ရှင်က သူ့ဟမ်းစတားရှေ့မှာစကားပြောအဆင်မပြေဖြစ်တတ်လို့လား"
"..."
ဒါ ပျော်ရမှာလား စိတ်ဆိုးရမှာလား? ဟမ်းစတားလို့ခေါ်တဲ့အတွက်ပျော်ပေမယ့် သူပြောတဲ့ပုံကအိမ်ရှေ့စံကငါ့ကိုလူလိုမမြင်ဘူးဆိုတဲ့အဓိပ္ပာယ်လား ??? ပြီးတော့ ပိုင် ပိုင်ရှင်? ဟမ်းစတားပိုင်ရှင် ငါကဟမ်းစတား သူကငါ့ပိုင်ရှင် ငါကသူ့အပိုင် ... စိတ်မဆိုးတော့ပါဘူး ခွင့်လွှတ်လိုက်ပါမယ် ဟဲ

This handsome prince is not normal but I love himWhere stories live. Discover now