Part 14 သူ့ကိုရွေးချယ်ခဲ့တာမမှားဘူးပဲ

341 56 6
                                    

Unicode

နန်းတော်မှာနေရတာတော့တစ်ချက်မဆိုး ဒီကနေဆို Seoul cityရဲ့အလှကိုသေချာမြင်ရသည် နန်းတော်နားတွင်အထပ်ရှည်တိုက်တွေမရှိ၍နေရောင်ကိုလဲအပြည့်အဝရရှိ၏ သီချင်းလေးဖွင့်ကာနားထောင်ပြီးအိပ်ရာပြန်ခင်းလိုက်သည်
"မနေ့က ငါတစ်ခုခုကိုအလိုမကျဖြစ်ခဲ့သလိုပဲ ဘာပါလိမ့်"
Shieun စဉ်းစားမရ၍ဆက်စဉ်းစားမနေတော့
Cinderella mood အပြည့်ထည့်ကာညအိပ်ဝတ်စုံနဲ့ကနေစဉ်မှာ ဘဲလ်တီးသံကြောင့်အံ့ဩသွား၏
"ငါ.. ငါအင်္ကျီမလဲရသေးဘူး"
ခုမှင်္အကျီကောက်လဲရန်ရှာရာမှသတိရသွားသည် အင်္ကျီတွေကဟိုအိမ်မှာပဲရှိသေးတာလေ သို့နှင့်ညအိပ်င်္အကျီနဲ့အိမ်ရှေ့စံဆီသို့ပြေးသွား၏
" ဒီနေ့.... အား ဘယ်လိုဝတ်လာတာလဲ"
အစကျောပေးကာပြောနေရာမှ Shieunဘက်လှည့်ကြည့်လိုက်ရာ လန့်သွားသည်
"အင်္ကျီသွားမယူရသေးလို့"
SeokJin အမူအရာကြောင့်ကိုယ့်ကိုကိုယ်ပါငုံ့ကြည့်မိ၏ ညအိပ်ဆိုပေမယ့် သိပ်မထူးခြားပါဘူး လက်ရှည်နဲ့ဘောင်းဘီရှည်မို့ ပေါ်စရာလဲမရှိတာ ဘာကိုလန့်
"မနေ့ကအင်္ကျီကော?"
"ဝိုင်ပေလို့လျှော်ထားတယ်လေ"
SeokJin သက်ပြင်းချလိုက်သည် ဒီကောင်မလေးက အိမ်ရှေ့စံကိုလုံးဝကြောက်စိတ်မရှိတာပဲ ငါအာဏာဘယ်လောက်ရှိလဲမသိလို့လား နည်းနည်းကြောက်သွားအောင် ပညာပြလိုက်ရမလား? ထိုအတွေးနဲ့ Shieunအားတစ်ချက်ကြည့်လိုက်ကာ
"အထိန်းတော်ဂျန်"
"Nae အမိန့်ရှိပါအိမ်ရှေ့စံ"
"အိမ်ရှေ့စံရှေ့ကိုမလေးစားလုပ်တဲ့ဒီကောင်မလေးကို အပြစ်ပေးလိုက်"
ထိုစကားကြောင့် အထိန်းတော်ဂျန် မျက်လုံးပြူးသွား၏ အပြစ်ပေးမယ်? နန်းတွင်းမှာအပြစ်ပေးတဲ့စနစ်ကဖျက်သိမ်းတာကြာပြီလေ အိမ်ရှေ့စံအဲ့အကြောင်းမသိသေးတာလား? မဟုတ်သေးပါဘူး အဲ့လိုမလုပ်ဖို့အိမ်ရှေ့စံပဲအကြံပေးခဲ့တာပဲကို
"ဟုတ်ကဲ့"

အထိန်းတော်ဂျန်ခေါ်ရာနောက်လိုက်လာပေမယ့် ဘယ်လိုအပြစ်ပေးမလဲShieunစိတ်ပူမိသည် ဟိုးခေတ်ကလိုကြိမ်ဒဏ်တို့ဘာတို့မဟုတ်လောက်ပါဘူးနော် အခန်းကြီးတစ်ခုရှေ့ရောက်တော့အထိန်းတော်ဂျန်ကဝင်ခိုင်းရာ လန့်သွား၏
"ဒါနှိပ်စက်ခန်းလား"
ယောင်ပြီးအသံထွက်သွားရာ အထိန်းတော်ဂျန်ကြားပြီးရယ်လိုက်သည်
"စာကြည့်တိုက်ပါ"
"အော် ဟဲ"
ထိုအခါမှShieun စိတ်အေးနိုင်၏
"ဒီစာအုပ်တွေအကုန်ဖုန်ရှင်း"
"ရှင်???"
ဒီတိုင်းကြည့်လိုက်ရင်တောင် စာအုပ်ကသောင်းချီရှိတာကို ရှင်းရမယ်? သေစေချင်တာလား?
"အိမ်ရှေ့စံ သမီးကိုပြန်မခေါ်ခင်အထိ စာအုပ်တွေရှင်းရင်းစောင့်နေလိုက်"
အာ.. ပြောချင်တာက အိမ်ရှေ့စံစိတ်မပြေမချင်းဒီထဲမှာပုန်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့
"ပြီးတော့ အင်္ကျီအပိုယူလာပေးမယ်လဲထား"
"ဟုတ်ကဲ့"
ထိုသို့ပြန်ဖြေလိုက်ရင်း ဖုန်ခါတဲ့တုတ်လေးအားလှမ်းယူကာစရှင်းရန်ပြင်လိုက်၏...
၁၅မိနစ်နောက်နေတော့ပျင်းလာကာ စာအုပ်များအားဖွင့်ဖတ်မိသည်
"ကိုရီးယားဘုရင်သမိုင်းကြောင်းတွေပါလား"
ဘာမှလဲလုပ်စရာမရှိတော့ ထိုစာအုပ်အားယူဖတ်လိုက်သည်
တစ်နာရီ နှစ်နာရီ သုံးနာရီ
သုံးနာရီကြာတဲ့အထိ Shieunအားမတွေ့ရသဖြင့် SeokJin စိတ်မပူပဲတော့မနေနိုင် ဘယ်ရောက်နေတာလဲ အပြစ်ပေးလိုက်သာပြောတာ တကယ်တော့အပြစ်ဒဏ်တွေကိုဖျက်သိမ်းလိုက်တာကြာပြီလေ အထိန်းတော်ဂျန် သူ့ကိုဘာတွေလုပ်လိုက်တာလဲ အထိန်းတော်ဂျန်ကိုမေးရင်ကောင်းမလားတွေးမိပေမယ့် သူ့မာနကတင်းခံနေသည် စိတ်ရှုပ်ရှုပ်ဖြင့်စာကြည့်တိုက်ထဲဝင်လိုက်ရာ စာအုပ်တွေအားဘေးမှာပုံကာ အပုံကြားထဲတွင်စာပေါ်အာရုံစိုက်နေတဲ့Shieunအားတွေ့လိုက်ရ၏ စာကြည့်တိုင်ကအနည်းငယ်မှောင်တာကြောင့်ပြတင်းပေါက်နားတွင်ခွေခွေလေးထိုင်ကာစာဖတ်နေတဲ့Shieun မှာ နေရောင်ကြောင့်တောက်ပနေသလိုခံစားရသည် ဒီလိုမြင်ကွင်းကိုနေ့တိုင်းမြင်ရရင်တောင်သူရိုးမယ်မထင် စာပေါ်အာရုံရောက်နေတဲ့Shieunကအိမ်ရှေ့စံရောက်လာတာကိုသတိမထားမိ
"အပြစ်ပေးခိုင်းတာကို မင်းကဒီမှာလာငြိမ့်နေတယ်ပေါ့"
SeokJinအသံကြားမှShieunလန့်ကာမတ်တပ်ရပ်မိ၏
"အရှင့်သား"
"ဘာစာအုပ်ဖတ်နေတာလဲ"
ထိုအခါမှသတိထားမိကာစာအုပ်အားပိတ်လိုက်ရင်း
"စာဖတ်နေတာမဟုတ်ပါဘူး စာရွက်တွေကိုသေသေချာချာဖုန်သုတ်ပေးနေတာပါ"
"မျက်လုံးနဲ့ကြည့်ပြီးတော့လား"
"..."
Shieun အလျှော့ပေးလိုက်ကာ စာအုပ်လှမ်းပေးလိုက်၏
"ဒါနန်းတွင်းသမိုင်းအကြောင်းပဲ"
SeokJin အံ့ဩသွားပြီး Shieunအားပြန်ကြည့်လိုက်သည် ဒီစာအုပ်ကတော်တော်ရှုပ်လွန်းလို့ တော်ဝင်မျိုးတွေတောင်သေချာမဖတ်ကြ
"တောင်းပန်ပါတယ် မဖတ်သင့်မှန်းသိပေမယ့်စိတ်ဝင်စားဖို့ကောင်းလွန်းလို့"
"စိတ်ဝင်စားဖို့ကောင်းတယ်?"
အိမ်ရှေ့စံကစိတ်တိုတဲ့ပုံမပေါ်သဖြင့် Shieunရှင်းပြရန်ပြင်လိုက်၏
"ဒီဘုရင်က ကိုရီးယားသမိုင်းမှာသင်ရတုန်းကညံ့ဖျင်းတဲ့ဘုရင်ဆိုပြီးသင်ခံထားရတာ ဒါပေမယ့်တကယ်ညံ့ဖျင်းတဲ့ဘုရင်မဟုတ်လောက်ဘူးလို့ထင်မိလို့"
ရှင်းပြရင်းSeokJin မျက်နှာအရိပ်အကဲလဲစောင့်ကြည့်ရသည်.. သို့သော်အိမ်ရှေ့စံမှာအံ့ဩပြီးပျော်ရွှင်သွားတဲ့ပုံပေါက်သဖြင့်Shieunကြောင်သွား၏
"မင်းလဲအဲ့လိုထင်တယ်လား"
SeokJinလဲထိုသို့တွေးမိပေမယ့်ဘယ်သူ့မှသူ့ပြောတာလက်မခံကြ Shieunကလဲထိုသို့ထင်မိသည်ဆိုတော့ ထိုကိစ္စဆွေးနွေးဖို့အဖော်ရှိပြီဟုတွေးကာSeokJinပျော်သွားသည်
"ဟုတ်... ဒီမှာသူစီမံတာတွေကနည်းနည်းလွဲနေပေမယ့် မှားနေတာတော့မဟုတ်ဘူး ကြည့်ရတာသူကနည်းလမ်းသစ်ကိုရှာနေတဲ့ပုံနဲ့တူတယ်"
"ဟုတ်တယ်ဟုတ်တယ် သူစောစောသေသွားတာနှမြောစရာပဲ မဟုတ်ရင်သမိုင်းမှာညံ့ဖျင်းတဲ့ဘုရင်အနေနဲ့သတ်မှတ်ခံရမှာမဟုတ်ဘူး"
SeokJin ထောက်ခံဟန်ဖြင့်ခေါင်းငြိမ့်ကာပြောလိုက်၏.. မဆိုးဘူး ဒီscholarကောင်မလေးဥာဏ်ရည်ကသာမာန်မဟုတ်ဘူးပဲ ငါရွေးခဲ့တာမမှားဘူး
"အဲ့စောစောဆုံးသွားရတာက လုပ်ကြံခံရတာလို့ကျွန်မထင်မိတယ်"
ထိုစကားကြောင့်SeokJinကြောင်သွားသည် သူဒါတော့မထင်ထားခဲ့
"ဘာလို့အဲ့လိုထင်ရတာလဲ"
"ဒီမှာကြည့်ရင် သူစစ်ပွဲမှာနတ်ရွာစံသွားတယ်လို့ရေးထားတယ်လေ ဒါပေမယ့်ဒါတိုက်ပွဲကသေးသေးလေးပဲ စစ်သူကြီးတစ်ယောက်နဲ့တောင်လုံလောက်တာဘာလို့ဘုရင်ကအဲ့ထိသွားတိုက်ရတာလဲ"
ထိုစကားကြောင့်SeokJinတွေဝေမိသွား၏ ဟုတ်သားပဲ အဲ့တာငယ်ငယ်တုန်းကဖတ်ခဲ့တာဆိုတော့သူအဲ့လောက်သေချာမတွေးမိခဲ့..
"တိုက်ပွဲအကြောင်းကိုလဲသေချာမရေးထားဘူး ဆိုတော့မင်းပြောတာဖြစ်နိုင်တယ်"
အခြားစာအုပ်အချို့ပါထုတ်ရင်းရှာဖတ်ကြည့်လိုက်သည်
"ဒီအဖြစ်မှန်ကိုသိဖို့ငါ့က်ိုကူညီပေးမလား"
အိမ်ရှေ့စံကသူ့ကိုအကူအညီတောင်းတယ်တဲ့လား Shieun ပျော်သွား၏
"ဒါပေါ့ အရှင့်သားကိုကူညီရတာကျွန်မအလုပ်ပဲမလား"

This handsome prince is not normal but I love himWhere stories live. Discover now