Unicode
*ဂျောက်ဂျက်.. ဂျောက်ဂျက်... ဂျောက်ဂျက်*
နာရီရဲ့စက္ကန့်ရွေ့လျားသံတွေပြည့်နေတဲ့ အခန်းလေး အဲဒီအခန်းထဲမှာအိပ်ပျော်နေတဲ့ကောင်လေးတယောက်..
'နင်က မကောင်းတဲ့ကလေးတယောက်ပဲ နင့်ကိုငါသတ်ပစ်ရမယ်'
"မလုပ်ပါနဲ့"
ဓားနဲ့ချိန်ရွယ်ထားတဲ့လက်တစုံဟာ သူ့စီကိုဖြေးဖြေးချင်းရွေ့လျားလာလေသည်.. သို့သော်လည်းခန္ဓာကိုယ်တခုလုံးကနည်းနည်းလေးမျှပင်မရွေ့.. တဖြည်းဖြည်းချင်းစီနီးကပ်လာတဲ့ ခြေသံတွေနဲ့အတူ စကားပြောသံတွေဟာလည်းပဲ့တင်လာလေသည်..
'နင့်ကိုငါသတ်ပစ်ရမယ်'
"မလုပ်ပါနဲ့"
ချိန်ရွယ်ထားတဲ့ဓားကိုသူ့စီထိုးစိုက်ခံလိုက်ရတဲ့အချိန် မှိတ်ကျသွားတဲ့မျက်လုံးတစုံနဲ့အတူကြားလိုက်ရတဲ့အသံတစ်သံ..
*တောက်..*
သွေးစက်လေးတွေတစ်စက်ချင်းစီမြေပြင်ပေါ်သို့ကျရောက်လာခဲ့သည်.. သူ့ရဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ဝေဝါးနေတဲ့မြင်ကွင်းတခုနဲ့အတူ မြင်တွေ့လိုက်ရတဲ့တောင်ပံတစ်စုံ..
"မင်းဘယ်သူလဲ"
ထိုသူ့ကတော့သူ့ကိုပြုံးပြရင်း..
"ဘာမှမဖြစ်ဖူးနော်.. အိပ်လိုက်တော့ နိုးလာရင်အကုန်လုံးကအိမ်မက်တွေဖြစ်သွားလိမ့်မယ်.."
ထိုသူကသူ့ကိုပြုံးပြနေပေမဲ့ ထိုသူ့ရဲ့ပုခုံးပေါ်မှာစိုက်၀င်နေတဲ့ဓား အဲဒီဓားဒဏ်ရာကစီးကျနေတဲ့သွေးစက်တွေ.. ထို့အတူသူ့ထံရောက်လာတဲ့အတွေးတခုနဲ့အတူ သူ့ရဲ့ကမ္ဘာဟာအမှောင်ကျသွားခဲ့ရတယ်..
"ခင်များဘယ်သူလဲ.."
.
.
.
.
.
.
.
ဂျန်းကု အိပ်ယာပေါ်ကနေ ထိတ်လန့်တကြားနိုးလာသည်.. နာရီကိုကြည့်လိုက်တော့6နာရီ10မိနစ်.. ဂျန်းကုအသက်ကိုခပ်ဖွဖွရှူလိုက်ရင်းရေချိုးခန်းစီသို့ဦးတည်လိုက်သည်.."ကိုကိုရေ..."
အခန်းထဲ၀င်လာတဲ့ ညီမဖြစ်သူ အန်နာကို ဂျန်းကုပွေ့ချီရင်း သူမရဲ့ပါးလေးတစ်ဖက်ကိုအသာနမ်းရှုံ့လိုက်သည်.. ထို့နောက်သူမလေးကို ဝှီးချဲပေါ်တင်ရင်း ဆေးရုံစီသို့ဦးတည်သွားလိုက်သည်..
YOU ARE READING
fairy's love story (နတ်သားလေးရဲ့ချစ်ပုံပြင်)||Complete
FanfictionJinkook short story အိမ်မက်ဆိုးတွေအမြဲမက်လေ့ရှိတဲ့ကောင်လေးတယောက်ဟာ အိမ်မက်ဆိုးတွေမမက်စေဖို့အိပ်ရာ၀င်ပုံပြင်စာအုပ်လေးတအုပ်ကိုေကာက်ရခဲ့မိပါတယ် ဒါပေမဲ့အဲဒီပုံပြင်စာအုပ်ထဲကနတ်သားလေးနဲ့အပြင်မှာတွေ့ဆုံမိပီး ဘာတွေဘလိုဆက်ဖြစ်ကြမလဲ...?? အိမ္မက္ဆိုးေတြအၿမဲမ...