Unicode
"ဂျန်းကု hyungမျက်လုံးကိုဘာလို့ကာထားတာလဲ"
ဂျန်းကုတချက်ပြုံးလိုက်ရင်း ဂျင့်နားရွက်နားလေးကိုကပ်ပီးပြောလိုက်သည်..
"ရောက်တော့မှာပါ ကလေးလေးရဲ့"
ဂျင့်ရဲ့မျက်နှာဟာနီရဲလာပီး မျက်လုံးကိုကာထားတဲ့ဂျန်းကုလက်တွေကိုဆွဲစိတ်လိုက်သည်..
"အ!!"
"ငါကကလေးမဟုတ်ပါဘူးဆိုနေ"
"ဟုတ်ပါပီ အဖိုးကြီးလေးရဲ့"
"မင်းနော် အကြီးကိုစမနေနဲ့"
ဂျန်းကု ဂျင့်ကိုအရေးကြီးတဲ့တနေရာစီခေါ်သွားလိုက်သည် ထိုနေရာက သူတို့အချစ်တွေကိုထာ၀ရတည်မြဲအောင်သက်သေပြုပေးမည့်နေရာပင်..
"ရောက်ပီ 1 2 3ဆိုတာနဲ့ မျက်လုံးဖွင့်နော်"
ဂျင်လည်းခေါင်းငြိမ့်ပြလိုက်သည်..
"1 2 3...."
ဂျင်မျက်လုံးဖွင့်လိုက်တဲ့အခါမှာ စစ၀င်လာတဲ့အလင်းရောင်ခပ်စူးစူးကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်.. ဒါပေမဲ့ဂျင်ချက်ချင်းပဲဘယ်နေရာကိုရောက်နေမှန်းသိရလိုက်သည်... တကယ်တော့သူတို့ဟာအခု ခရဇ်ယာန်ဘုရားကျောင်းတခုအတွင်းကိုရောက်နေခြင်းပင်...
"ဂျန်းကု ဒီကိုဘာလို့ခေါ်လာတာလဲဟင်"
ဂျန်းကုကတော့ဘာမှမပြောပဲ ဂျင့်ရဲ့လက်လေးကိုဆွဲပီး ဘုရားသခင်ရဲ့ရုပ်တုတော်ရှေ့ကိုခေါ်သွားလိုက်သည်..
"ကျွန်တော် Jeon jungkookသည် Kim Seok jin အပါ်တွင်တသက်လုံးမေတ္တာမပြတ်ပဲချစ်ခင်သွားမည်ဟုဂတိသစ္စာပြုပါသည်"
ဂျင် ကြောင်ပီးဂျန်းကုကိုငေးကြည့်နေမိသည်..
"Kim Seok jin ကို ခင်ပွန်းအဖြစ်လက်ခံပါသည်"
ဂျင်အံ့ဩလွန်းလို့မေ့လဲမတတ်ပင်.. အခုဒါဆိုရင် သူနဲ့ဂျန်းကုကလကထပ်နေတာပေါ့.. တကယ်တော့ဆော့ဂျင်လက်ထပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသိပါသည်.. ဘ၀နှစ်ခုကတစ်ခုတည်းအဖြစ်ထပ်တူကျသွားခြင်းမဟုတ်ပါလား.. အဲ့ဒီဘ၀တစ်ခုသာဂျန်းကုဆိုလျှင် ဆော့ဂျင်လည်းသူ့ရဲ့ဘ၀ကိုပေးရဲပါသည်..
YOU ARE READING
fairy's love story (နတ်သားလေးရဲ့ချစ်ပုံပြင်)||Complete
FanfictionJinkook short story အိမ်မက်ဆိုးတွေအမြဲမက်လေ့ရှိတဲ့ကောင်လေးတယောက်ဟာ အိမ်မက်ဆိုးတွေမမက်စေဖို့အိပ်ရာ၀င်ပုံပြင်စာအုပ်လေးတအုပ်ကိုေကာက်ရခဲ့မိပါတယ် ဒါပေမဲ့အဲဒီပုံပြင်စာအုပ်ထဲကနတ်သားလေးနဲ့အပြင်မှာတွေ့ဆုံမိပီး ဘာတွေဘလိုဆက်ဖြစ်ကြမလဲ...?? အိမ္မက္ဆိုးေတြအၿမဲမ...