ကာကွယ်မှု စွန့်လွှတ်မှုနဲ့ ကျိန်စာ

676 122 10
                                    

Unicode

'မင်းမနေ့ကဘာလို့မလာတာလဲ'

ဂျန်းကုငယ်လေးကတော့ပြန်မဖြေပေ... သူ့ရဲ့ဒဏ်ရာတွေပြည့်နေတဲ့မျက်နှာလေးကိုတစ်ဖက်သို့လှည့်ပေးထားသည်.. ထိုကောင်လေးကတော့ဂျန်းကုငယ်လေးရဲ့မျက်နှာလေးကိုသူ့ဘက်ကိုပြန်ဆွဲယူပီးဒဏ်ရာလေးတွေကိုသူ့နှုတ်ခမ်းဖူးဖူးလေးတွေနဲ့လေမှုတ်ပေးနေရဲ့... အခုလက်ရှိရပ်ကြည့်နေတဲ့ဂျန်းကုကိုယ်တိုင်ရဲ့နှလုံးဟာအဆက်မပြတ်ခုန်လာတယ်... ဂျန်းကုရင်ဘက်ပေါ်ကိုလက်တစ်ဖက်တင်လိုက်ပီး...

'ငါသူ့ကိုသဘောကျခဲ့တာလား'
.
.
.
.
.
.
.
'မလုပ်ပါနဲ့'

'မင်းကိုငါသတ်ရမယ်'

ဂျန်းကုမျက်စိရောက်နေတဲ့မြင်ကွင်းကြောင့်အရမ်းကိုထိတ်လန့်နေမိတယ်.. သူအရင်ကမက်ခဲ့တဲ့အိမ်မက်ဆိုးကငယ်ဘ၀မှာတကယ်ဖြစ်ခဲ့လိမ့်မယ်လို့တခါမှမတွေးဖူးခဲ့ပေ.. အခုတော့ဂျန်းကုငယ်လေးရှေ့မှာ အမျိုးသမီးတယောက်ဟာဓားကိုကိုင်ပီး ဂျန်းငယ်‌ငယ်လေးစီကိုတန်းတန်းမတ်မတ်ထိုးစိုက်ပစ်လိုက်တယ်...

"မလုပ်နဲ့!!!"

ဂျန်းကုပါးစပ်ကနေရုတ်တရက်အသံထွက်သွားမိသည်.. ဘာလို့လဲဆိုရင် ဂျန်းကုငယ်လေးရဲ့အရှေ့ဟာ ကောင်ငယ်လေးဟာ အစား၀င်ပီး ဓားကိုအထိုးခံလိုက်တယ်လေ... ထိုကောင်လေးရဲ့နောက်ကျောကနေ အရမ်းလှပတဲ့အတောင်ပံတစ်စုံဟာလည်းတပါးတည်းထွက်ပေါ်လာခဲ့တယ်.. ပိုပီးထူးဆန်းတာကဓားကိုထိုးတဲ့အမျိုးသမီးဟာ ထိုကောင်လေးနဲ့ပတ်သတ်နေသည့်အနက်ရောင်အမျိုးသမီးဖြစ်နေခြင်းပင်...

"သူ့ကို ဘာမှမလုပ်ပါနဲ့..."

ထိုကောင်လေးဟာ သူ့ကိုထိုးမိနေတဲ့ဓားကိုလက်နဲ့ကိုင်ဆုပ်ပီး မျက်ရည်အပြည့်နဲ့မျက်၀န်းကိုမျက်လွှာချရင်း ထိုအမျိုးသမီးကိုတောင်းပန်နေရှာတယ်...

"ကောင်းပီလေ.. ဒါပေမဲ့မင်းကအခုလိုသူ့ကိုယ်စားနတ်သက်ခြွေဓားကို၀င်ခံခဲ့တယ်ဆိုတော့ မင်းအမေပြုလုပ်ခဲ့တဲ့နောက်ဆုံးအစီအရင်ကြောင့်မင်းမသေနိုင်ပေမဲ့  မင်းကအခုနတ်သားတစ်ပါးမဟုတ်တော့ဘူး.. လူသားလည်းဖြစ်မလာနိုင်ဘူး.. ပီးတော့ငါ့ရဲ့ရှိသမျှစွမ်းအား‌တွေကိုသုံးပီးမင်းအတွက်ကျိန်စာတစ်ခုဖန်တီးခဲ့မယ်... ဒီကောင်လေးကမင်းကိုလုံး၀မေ့သွားလိမ့်မယ်... မင်းအနစ်နာခံခဲ့တာရော စွန့်လွှတ်ပေးခဲ့တာကိုရောပေါ့.. ကျိန်စာကိုပြေစေမဲ့နည်းကဒီကောင်လေးရဲ့အချစ်စစ်အပြင်မရှိဘူး.. ငါ့ရဲ့သက်တမ်းဟာလည်းဒီကောင်လေးမင်းကိုမေ့နေတဲ့ကာလပတ်လုံးရှည်လျားနေလိမ့်မယ်.. ဒီကောင်လေးရဲ့မှတ်ဉာဏ်တွေကိုငါ့သက်တမ်းနဲ့ချုပ်နှောင်လိုက်ပီ.."

fairy's love story (နတ်သားလေးရဲ့ချစ်ပုံပြင်)||CompleteWhere stories live. Discover now