Unicode
ဂျန်းကု ဒီနေ့တော့ရုံးမသွားပဲ မိမိ၏အချစ်ကိုတွေ့အောင်ရှာမည်ဟုဆုံးဖြတ်ထားသည်... ဂျန်းကုပြန်မှတ်မိတဲ့နေကတည်းက ထိုလူဟာ အန်နာ့ဆေးရုံကိုလည်းမလယတော့ပေ.. ပိုပီးထူးဆန်းသည်က ဂျန်းကုဖတ်ခဲ့သော စာအုပ်လေးပျောက်သွားခြင်းပေ... အခုတော့ထိုအချစ်ဦးလေးအာ ဂျန်းကုမတွေ့တွေ့အောင်ရှာရတော့မည်.. ဂျန်းကု အရင်မှတ်ဉာဏ်တွေထဲကထိုကောင်လေး မိုးရေတွေထဲထိုင်စောင့်နေတဲ့နေရာလေးကိုသွားကြည့်သော်လည်းမေတွ့... အတူကစားနေကြနေရာလေးကိုသွားကြည့်သော်လည်းမရှိ.. နာမည်ကိုလည်းမသိတော့ဘလိုရှာလို့ရှာရမှန်းကိုမသိတော့.. နောက်ဆုံးတော့ရှာစရာတနေရာသာကျန်တော့သည်... ပထမဆုံးစတွေ့တဲ့နေရာ... ထိုနေရာကမြို့ပြင်နားမှာရှိပီး စမ်းချောင်းလေးဘေးမှာဖြစ်သည်.. ပထမဆုံးနှစ်ဦးသားစဆုံချိန်တုန်းကဆိုရင် ဂျန်းကုတကိုယ်လုံးဒဏ်ရာပလပွနဲ့ ထိုနေရာမှာထိုင်ငိုနေခဲ့သည်... ထိုနေရာကိုထိုကောင်လေးရောက်လာပီး ဂျန်းကုနောက်ကိုတကောက်ကောက်လျှောက်လိုက်တော့သည်.. ဂျန်းကုထိုကောင်းလေးကိုစမြင်ကာစက အရမ်းချစ်စရာကောင်းသည်ဟုပင်တွေးမိသည်အထိ ထိုကောင်လေးသည်ချစ်စရာကောင်းခဲ့လွန်းသည်...
"မင်းတကယ် ဘယ်တွေကိုရောက်နေတာလဲ.. မင်းဘယ်ကိုပဲရောက်ရောက် ကိုယ်မင်းကိုမတွေ့တွေ့အောင်ရှာမယ် ပီးရင်ထပ်ပီးလက်လွှတ်မပေးတော့ဘူး.. ကိုယ့်ရဲ့အချစ်ဦးလေး"
ဂျန်းကုထိုနေရာကိုရောက်တော့နေ၀င်ရီသရောအချိန်ဖြစ်သည်.. ကောင်းကင်တခွင်လုံးလိမ္မော်ရောင်တောက်နေပီး စမ်းချောင်းဘေးက ချယ်ရီပင်ကြီးဟာလည်းချယ်ရီပန်းများဝေနေအောင်ဖူးပွင့်နေလေသည်.. ထိုလှပပီးလိမ္မော်ရောင်သန်းနေတဲ့ကောင်းကင်ကြီးအောက်က အလွန်လှပတဲ့ချယ်ရီပင်ကြီးအောက်မှာ တယောက်တည်းထိုင်နေတဲ့ ချစ်စရာကောင်လေး.. ထိုကောင်လေးကတော့ ဂျန်းကု၏အချစ်ဦးနတ်သားလေးပင်.. အဖြူရောင်အ၀တ်အစားများနှင့်လှပနေသည့်ထိုကောင်လေးဟာ အဝေတနေရာကိုငေးမောနေလေသည်.. ဂျန်းကုထိုသူ့နားကိုသွားပီးထိုင်လိုက်တော့ ထိုကောင်လေးကအံ့ဩသောမျက်၀န်းများဖြင့်က်ြည့နေလေသည်..
YOU ARE READING
fairy's love story (နတ်သားလေးရဲ့ချစ်ပုံပြင်)||Complete
FanfictionJinkook short story အိမ်မက်ဆိုးတွေအမြဲမက်လေ့ရှိတဲ့ကောင်လေးတယောက်ဟာ အိမ်မက်ဆိုးတွေမမက်စေဖို့အိပ်ရာ၀င်ပုံပြင်စာအုပ်လေးတအုပ်ကိုေကာက်ရခဲ့မိပါတယ် ဒါပေမဲ့အဲဒီပုံပြင်စာအုပ်ထဲကနတ်သားလေးနဲ့အပြင်မှာတွေ့ဆုံမိပီး ဘာတွေဘလိုဆက်ဖြစ်ကြမလဲ...?? အိမ္မက္ဆိုးေတြအၿမဲမ...