မှော်ဆန်သော

739 123 13
                                    

Unicode

ဂျန်းကု အခန်းထဲမှာလှဲရင်းဆေရုံက ကောက်ယူလာတဲ့ပန်းရောင်စာအုပ်လေးကိုဖွင့်ဖတ်ကြည့်လိုက်တယ်.. စာရွက်သားပေါ်မှာပုံနှိပ်စကားလုံးမဟုတ်ပဲ သေသပ်လှပတဲ့လက်လေးလက်သားလေးတွေကနေရာယူထားတယ်.. ဂျန်းကုစာလုံးတစ်လုံးချင်စီတိုင်းကိုသေချာဖတ်ကြည့်ပေမဲ့ မျက်လုံးတွေကအရမ်းလေးလာပီး ကိုယ့်ကိုယ်ကိုအမထိန်းချုပ်နိုင်လောက်အောင်ကိုအိပ်ချင်လာတယ်.. နောက်ဆုံးတော့ ဂျန်းကုစာအုပ်လေးကိုမဖတ်ရသေးခင်ပဲအိပ်ပျော်သွားတော့တယ်... ဂျန်းကုအိပ်ပီးမကြာခင်ပီး စာအုပ်လေးထဲကအလင်းတန်းတချို့ထွက်ပေါ်လာတယ်....
.
.
.
.
.
.
.
.
ဂျန်းကု အလင်းရောင်စူးစူးကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ တခါမှမရောက်ဖူးတဲ့နေရာတခု...

"ငါဘယ်ကိုရောက်နေတာလဲ..."

ထူဆန်းတဲ့ နန်းတော်လိုနေရာတခုမှာ အရမ်းလှပတဲ့အမျိုးသမီးတယောက်.. သူ့ရဲ့လက်ထဲကအရမ်းချစ်စရာကောင်းတဲ့နီတာရဲ့မွေးကင်းစကလေးငယ်လေး...

"ဒီကိုဘလိုလုပ်ရောက်လာတာလဲ..!!!"

ဂျန်းကုကိုကြည့်ရင်းပြောလာတဲ့ထိုအမျိုးသမီးကြောင့်ဂျန်းကုထိတ်လန့်သွားသည်..
ဒါပေမဲ့ ‌ဂျန်းကုရဲ့ခန္ဓာကိုယ်ကိုဖြတ်ပီး နောက်ကနေရောက်လာတဲ့နောက်ထပ်အမျိုးသမီးတယောက်.. ထိုအမျိုးသမီးဟာ အနက်ရောင်၀တ်စုံကိူ၀တ်ဆင်ထားပီး ဂျန်းကုကိုနောက်ကျောပေးလျက်ရပ်နေသည်...

"ငါရဲ့ခန္ဓာကိုယ်ဘာတွေဖြစ်နေတာလဲ..."

ဂျန်းကုဘေးနားက ပစ္စည်းတွေကို ထိကြည့်ပေမဲ့ ထိတွေ့လို့မရပဲဖြစ်နေတယ်...

"နင်ငါ့စီက ပြေးလို့လွတ်မယ်ထင်လား မေရာ..."

ထိုအနက်ရောင်၀တ်ထားတဲ့အမျိုးသမီးရဲ့စကားပြောသံအဆုံးမှာ လှပတဲ့အမျိုးသမီးဟာ ထိုအနက်ရောင်အမျိုးသမီးရှေ့မှာဒူးထောက်ချထိုင်လိုက်တယ်...

"အဟက် အခုမှကြောက်နေတာလား နင့်အစွမ်းတွေအကုန်ကုန်တော့မှကြောက်နေတယ်ပေါ့... ဟုတ်လား... ဒီလိုမှန်းသိရင် ငါအရင်ကတည်းကနင်စားမဲ့အစားအစာတွေထဲကို စွမ်းအားမဲ့ဆေးထည့်ကျွေးလိုက်ပါတယ်.."
"ငါတောင်းပန်ပါတယ်.. ငါ့သားလေးကိုတော့ဘာမှမလုပ်ပါနဲ့"

fairy's love story (နတ်သားလေးရဲ့ချစ်ပုံပြင်)||CompleteWhere stories live. Discover now