EP - 2

130 12 2
                                    

သိန်းဂဏန်းရှိသည့်လူအုပ်ကြီးဟာ
Stageစင်ပေါ်တွင်ချွေးတလုံးလုံးဖြင့်
မရပ်မနားဆိုနေသည့်Yoongiနဲ့အတူ
စီးမျောနေသည်။

သူ့ပုံစံက တစ်ကိုယ်လုံးချွတ်ထားပြီး
ဂျင်းဘောင်းဘီတစ်ထည်သာကပ်တော့သည်။
ဖျော်ဖြေတိုင်းသူလုပ်တတ်သည့်
အကျင့်တစ်ခုရှိသည်။ အဲ့တာဝတ်ထားသမျှ
ဘောင်းဘီနဲ့ဖိနပ်မှလွဲပြီး ကျန်တာအကုန်
ချွတ်ပြီးအောက်ကfanတွေစီကို
ပစ်ပေးတတ်သည်။

သူများနဲ့မတူအောင်တီထွင်တတ်သည့်
ပုံစံကြောင့် သူ့အောင်မြင်မှုဟာ
တစ်နေ့ထက်တစ်နေ့ပိုမိုကြီးမားလာခဲ့သည်။

ကမ္ဘာပတ်ဖျော်ဖြေနေသည့်သူ့အတွက်
USဟာ နောက်ဆုံးနိုင်ငံဖြစ်သည်။
ဒီပွဲပြီးရင်တော့တစ်နှစ်လောက်ဂီတလောကမှ
အနားယူမည်ဟုဆုံးဖြတ်ထားသည်။

သူအရမ်းပင်ပန်းလွန်းနေပြီ။

"အဆင်ပြေရဲ့လား ကိုယ့်လူ"

စင်အောက်ရောက်တာနှင့် Zachက
Towelပေးရင်းမေးသည်။ ရေချိုးထားသလို
ချွေးတရွဲရွဲနှင့်သူ့ပုံက ပိုပြီးတောင်
ဆွဲဆောင်မှုရှိနေပါသေးသည်။

"မောတယ် မြန်မြန်နားချင်ပြီ
Mediaတွေကိုတစ်ခါထဲရှင်းထားပေး
Hotelတမ်းပြန်မယ်"

"အိုကေပါ bro"လို့ပြောပြီး ရေးကြီးသုပ်ပြာ
ထွက်သွားတော့သည်။

Zachနဲ့သူရဲ့ ရင်းနှီးမှုအတိုင်းအတာဟာ
သတင်းတွေမှာဖော်ပြခံရသည်အထိ
နာမည်ကြီးသည်။ သူ့ဘဝဟာZachကြောင့်
ဒီလိုဖြစ်လာရသလို Zachကလဲသူ့ကြောင့်ပဲ
သူခိုးဓားပြဘဝကနေကျွတ်လွတ်ရသည်ကိုး။

အမြဲပြောင်စပ်စပ်နိုင်ပေမယ့် တခြားလူနဲ့ဆို
နာမည်အရမ်းတည်ပြီး အလုပ်လုပ်ရာမှာ
စေ့စပ်လွန်းသည်။ နှုတ်လုံပြီးသစ္စာရှိသည်။
ကမ္ဘာကိုချပြလို့မရသည့် secretတစ်ခုဟာ
ဆယ်နှစ်တာဖုံးအုပ်နိုင်ခဲ့တာ သူတော်လို့
အများကြီးပါသည်။

ဘေးနားမှာဘယ်သူ့မှမရှိတုန်း
ကိုကင်းတစ်တို့စာကို လက်ညှိုးနဲ့ယူကာ
ရှုလိုက်သည်။ နည်းနည်းတော့
နေသာထိုင်သာရှိသွားသည်။

Yoongiကမူးယစ်ဆေးဝါးမျိုးစုံကို
နည်းပေါင်းစုံနဲ့ သုံးစွဲသည်။ တစ်ခါတစ်လေ
ဆေးထိုးအပ်နဲ့ပါအသားထဲထိုးသည်။
အိုးဖြင့်ရှုသည်။ သူအမြဲဆွဲလေ့ရှိသော
ဆွဲကြိုးထဲမှာ ကိုကင်းတစ်ခေါက်ရှုစာ
အမြဲပါတတ်သည်အထိစွဲလန်းနေသည်။

Glamorize StuffWhere stories live. Discover now