EP - 5

103 15 0
                                        

မှောင်မဲနေတဲ့အခန်းငယ်အတွင်းမှာ
ပိတ်ပင်းနေသည့်ဆေးလိပ်ငွေ့တွေကို
လျစ်လျူရှုရင်းရှေ့တွင် ထိုင်ထားသည့်
ဓာတ်ပုံလေးကိုကြည့်ရင်းငိုကြွေးနေမိသည်။

နှစ်တွေအကြာကြီးမြိုသိပ်ထားရတဲ့
အချစ်တွေပေါက်ကွဲထွက်ကုန်ရင်
အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မည်။
ဆုံစည်းစေခဲ့ပြီးမှမနီးစပ်ရအောင်
ရေးထားတဲ့ကံကြမ္မာဇာတ်ဆရာရဲ့
အလိုမှာသူဆက်ပြီးမရပ်တည်ချင်တော့ပါ။

"တောင်းပန်ပါတယ်Yoongiရယ်
ကျတော်လေ...ကျတော်က ကိုကို့ကို
အရင်ချစ်ခဲ့ရသူပါ ဒါပေမယ့်လေ
ကျိန်စာကြောင့် အဟင့်"

မနက်ကYoongiရှေ့မှာ မူမပျက်အောင်
စကားတွေကိုထိန်းပြောခဲ့ရတာ
သိပ်ခက်ခဲခဲ့သည်။ ကိုကိုကကျတော့်နားက
ထွက်မသွားရအောင် တောင်းပန်တယ်တဲ့
ကျတော့်ရင်ကိုအစိမ်းလိုက်ခွဲနေသလိုပါပဲ။

ဟိုလူယုတ်မာHopieကို ရွံမုန်းပေမယ့်
ကိုကိုစိတ်နာသွားစေမည့် ဘယ်အရာမဆို
ကျတော်လုပ်မည်။ ထွက်သွားစေချင်တာ
မနာကျင်စေချင်လို့ပါ ကိုကိုရယ်...။
အော်ပြောလိုက်ချင်ပေမယ့် ကျတော်တို့ရဲ့
ကံကြမ္မာဟာ ဒီလိုပဲနဖူးစာပါပြီးသားပဲမလား။

စည်းကမ်းချက်များ

1. သင့်သက်တမ်းတစ်ဝက်နှင့်ကျန်းမာရေးကို
Satanစီသို့ပေးအပ်ရမည်။

2. ဘာသာရေးနဲ့ပက်သက်သောနေရာများသို့
မသွားရ။

3. ဤလျှို့ဝှက်ချက်ကိုဘယ်သူ့ကိုမှပြောပြခွင့်
မရှိ။

4. မူးယစ်ဆေးသုံးစွဲ၍မျောနေချိန်တိုင်း
Satanနှင့်တွေ့ဆုံးပြီ လိုအပ်ပါက
အသုံးတော်ခံယူပါ။

ဘာသာရေးအစီအရင်များဖြင့် နှုတ်ထွက်
ထွက်ပြေးမည်ဆိုး၍ကျိန်စာများ
ထားရှိသည်။ သင်သည်သင့်ဖူးစာရှင်နှင့်
တွေ့ဆုံခွင့်မရှိပါ။ ချစ်သူနဲ့ဝေးကွာနေခြင်းရဲ့
ဝေဒနာအားထာဝရခံစားစေရန်
ကျိန်စာတိုက်သည်။

အကယ်၍ကတိမတည်ပဲဖောက်ဖျက်ပါက
ရင်နင့်အောင်ချစ်ရသောကြေကွဲဒဏ်ကြောင့်
နှလုံးသားကွဲအက်ကာ ထိုနေရာ၌သွေးအန်၍
အသေဆိုးနဲ့သေရမည်။ ထို့အပြင်သင့်အား
ရင်နှင့်သည်း၍ချစ်သောထိုသူလဲ
အသေဆိုးနှင့်သေရမည်။ သေလွန်ပြီးသော်
Satanထံတွင်ဘဝအဆက်ဆက်ကျွန်ခံရမည်။

Glamorize StuffWhere stories live. Discover now